@@[0:[151121624993153:1: ပြည်မြို့ ရွှေဆံတော်ဘုရား ၏ သမိုင်းအကျဉ်း]]@[151121624993153:]
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
(Zawgyi & Unicode)
ပြည်မြို့ ရှိ ဒကာတစ်ဦးက ပြည်ရွှေဆံတော် ဘုရားသမိုင်း အကျဉ်းရေးတင်ပေးပါ လို့ ဦးဇင်းထံလျှောက်ထားတာ ကြာပါပြီ ။ ဦးဇင်း လဲ အကြောင်းအမျိုးမျိုး ကြောင့် တင်ပေးပါမယ်လို့ ကတိပြုပြီး မတင်ဖြစ်ပါဘူး ။ ယ္ခု အလျှင်းသင့်လို့ ပြည့်မြို့သို့ သွားမဖူးနိုင်ကြတဲ့ ဗုဒ္ဓဘာသာ ဝင်များလဲ ဖူးခွင့် ကြည်ညိုခွင့်ရအောင် Video နဲ့ တွဲတင်ပေးလိုက်ပါတယ် ။
မြန်မာနိုင်ငံမြေလတ် ဒေသ ပဲခူးတိုင်း၊ ပြည်မြို့၏ အရှေ့ပိုင်း ဆင်စုရပ်မြောက်ဘက်၌ သုဒဿနမည်သော တောင်ကုန်းငယ်တွင် တည်ရှိသော ရွှေဆံတော်ဘုရားကို မြသိတင် (မြသီးတင်) ဘုရားဟုလည်း ရှေးကခေါ်တွင်ခဲ့သည်။
ပြည် ရွှေဆံတောင်ရှင်ဘုရားတွင် ကကုသန်ဘုရားရှင်၏ ဒုကုဋ်တော်၊ ကောဏဂုံဘုရားရှင်၏ အံသကိုဋ် သင်္ကန်းတော်၊ ကောဏဂုံဘုရားရှင်၏ ခါးပန်းတော်၊ ဂေါတမဘုရားရှင်၏ အံတော်လေးဆူနှင့် နီသီဒိုင်တို့ကို ဌာပနာထားသည်။
ဘုရားရှင်သည် နဂါးမင်းအား မပေးဘဲ သုဝဏ္ဏဘုမ္မိအရပ်သို့ ကုန်သွယ်သွားနေသော အစ္စိက- ဖလ္လိက ကုန်သည် ညီနောင်တို့အား ပေးမည်ဟု မိန့်ကြားကာ လက်ျာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်လေသော် ဆံတော်လေးဆူပါလာသည်။
သုဝဏ္ဏဘုမ္မိမှ ပြန်လာသော အစ္စိက- ဖလ္လိက ညီနောင်လည်း ဧရာဝတီမြစ်ကြောင်းကို ဆန်တက်ကာ ဆံတော်ကြုတ်တည်ရာသို့ ရောက်လျှင် ရွှေရောင်တဝင်းဝင်းနှင့် တွေ့မြင်ရ၍ ကြည့်ကြသည်။ ရတနာမြကြုတ်နှင့်တကွ ဆံတော်လေးဆူကို ဖောင်ပေါ်သို့ ပင်ခဲ့ပြီးနောက် မြင့်မြတ်ရာ ကုန်းမြေကိုရှာသော် ယခုရွှေဆံတော်ဘုရားတည်ရာ သုဒဿနကုန်းကိုတွေ့သဖြင့် ရတနာမြေကြုတ်နှင့် ဆံတော်လေးဆူကို ရွှေအုပ်ခုနှစ်ချပ်ရံကာ ဌာပနာ၍ စေတီတည်သည်။
ဤသို့အားဖြင့် ရွှေဆံတော်ဘုရားကို ဘုရင်အဆက်ဆက်နှင့် မြို့စားအဆက်ဆက် ပြုပြင်ထပ်ပွား တည်ထားခဲ့ရာ ယခုအခြေသို့ ဆိုက်ရောက်ခဲ့သည်။
ကျော်မင်းခေါင် ရေးသားထားသော ရွှေဆံတော် သမိုင်း မှ ကူးယူ ၍ ဗုဒ္ဓဘာသာ ဝင်များ ဖူးမျှော်ကြည်ညို နိုင်စေရန် Video နှင့်တွဲတင်ပေးခြင်း ဖြစ်ပါတယ် ။
@[100010286794386:0]
==================ပြီးပါပြီ==============
@@[0:[151121624993153:1: ပြည်မြို့ ရွေှဆံတော်ဘုရား ၏ သမိုင်းအကျဉ်း]]@[151121624993153:]
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
(Zawgyi & Unicode)
ပြည်မြို့ ရှိ ဒကာတစ်ဦးက ပြည်ရွေှဆံတော် ဘုရားသမိုင်း အကျဉ်းရေးတင်ပေးပါ လို့ ဦးဇင်းထံလျှောက်ထားတာ ကြာပါပြီ ။ ဦးဇင်း လဲ အကြောင်းအမိျုးမျိုး ကြောင့် တင်ပေးပါမယ်လို့ ကတိပြုပြီး မတင်ဖြစ်ပါဘူး ။ ယ္ခု အလျှင်းသင့်လို့ ပြည့််မြို့သို့ သွားမဖူးနိူင်ကြတဲ့ ဗုဒ္ဓဘာသာ ဝင်များလဲ ဖူးခွင့် ကြည်ညိုခွင့်ရအောင် Video နဲ့ တွဲတင်ပေးလိုက်ပါတယ် ။
မြန်မာနိုင်ငံတွင် "ရွေှဆံတော်" ဟု ဘွဲ့ချီလျက် ထင်ရှားသည့် ဘုရားစေတီသုံးဆူ ရှိပါသည်။ ပြည်မြို့တွင် တစ်ဆူ၊ တောင်ငူမြို့တွင် တစ်ဆူ၊ တွံတေးမြို့တွင် တစ်ဆူ ဖြစ်ပါသည်။
မြန်မာနိုင်ငံမြေလတ် ဒေသ ပဲခူးတိုင်း၊ ပြည်မြို့၏ အရှေ့ပိုင်း ဆင်စုရပ်မြောက်ဘက်၌ သုဒဿနမည်သော တောင်ကုန်းငယ်တွင် တည်ရှိသော ရွေှဆံတော်ဘုရားကို မြသိတင် (မြသီးတင်) ဘုရားဟုလည်း ရှေးကခေါ်တွင်ခဲ့သည်။
ပြည် ရွေှဆံတောင်ရှင်ဘုရားတွင် ကကုသန်ဘုရားရှင်၏ ဒုကုဋ်တော်၊ ကောဏဂုံဘုရားရှင်၏ အံသကိုဋ် သင်္ကန်းတော်၊ ကောဏဂုံဘုရားရှင်၏ ခါးပန်းတော်၊ ဂေါတမဘုရားရှင်၏ အံတော်လေးဆူနှင့် နီသီဒိုင်တို့ကို ဌာပနာထားသည်။
ဂေါတမဘုရားရှင်သည် ရှစ်ဝါမြောက်တွင် မြန်မာပြည်သို့ ဒေသစာရီကြွချီတော်မူရာ ဤအရပ်၌ ပုဂံပြည်ကြီးဖြစ်လတ္တံ့၊ ဤအရပ်၌ သရေခေတ္တရာ (ပျူ) မြို့ (ယခု သရေခေတ္တရာပြည်မြို့) ဖြစ်လတ္တံ့ စသည်ဖြင့် ဗျာဒိတ်ပေးခဲ့ပါသည်။ ယင်းသို့ ကြွချီတော်မူစဉ် ဧရာပထ နဂါးမင်းက လူအပေါင်းတို့ ကိုးကွယ်ရစိမ့်သောငှါ ဆံတော်ဓာတ်ကို ပေးသနားရန် လျှောက်ထားသည်။
ဘုရားရှင်သည် နဂါးမင်းအား မပေးဘဲ သုဝဏ္ဏဘုမ္မိအရပ်သို့ ကုန်သွယ်သွားနေသော အစ္စိက- ဖလ္လိက ကုန်သည် ညီနောင်တို့အား ပေးမည်ဟု မိန့်ကြားကာ လကျ်ာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်လေသော် ဆံတော်လေးဆူပါလာသည်။
ယင်းဆံတော်တို့ကို နဂါးမင်း ဆက်သည့် မြကြုတ်၌် ထည့်၍ "ကိုးကွယ်ထိုက်သူ ဖူးတွေ့ကာ သာသနာတည်မည့် အရပ်၌ စေတီတည်ထား ကိုးကွယ်စေသတည်း" ဟု မိန်တော်မူလျှင် မြကြုတ်သည် လက်ဝါးတော်မှ ပျံတက်၍ ထန်းခုနှစ်ဆင့်မြင့်သောအရပ်၌် ရောင်ခြည်တော်မြူးကာ ဝါးပဒေသာ၌ ရပ်နားလေသည်။
သုဝဏ္ဏဘုမ္မိမှ ပြန်လာသော အစ္စိက- ဖလ္လိက ညီနောင်လည်း ဧရာဝတီမြစ်ကြောင်းကို ဆန်တက်ကာ ဆံတော်ကြုတ်တည်ရာသို့ ရောက်လျှင် ရွေှရောင်တဝင်းဝင်းနှင့် တွေ့မြင်ရ၍ ကြည့်ကြသည်။ ရတနာမြကြုတ်နှင့်တကွ ဆံတော်လေးဆူကို ဖောင်ပေါ်သို့ ပင်ခဲ့ပြီးနောက် မြင့်မြတ်ရာ ကုန်းမြေကိုရှာသော် ယခုရွေှဆံတော်ဘုရားတည်ရာ သုဒဿနကုန်းကိုတွေ့သဖြင့် ရတနာမြေကြုတ်နှင့် ဆံတော်လေးဆူကို ရွေှအုပ်ခုနှစ်ချပ်ရံကာ ဌာပနာ၍ စေတီတည်သည်။
သာသနာနှစ်- ၁၀၁ ခုနှစ်တွင် ဒွတ္တပေါင်မင်းကြီး နန်းတက်သော် သုဒဿနကုန်း၌ ဘုရားရှင်၏ ဆံတော်လေးဆူ ဌပနာ၍ စေတီတည်ထားကြောင်း ကြားသိတော်မူ၍ သုဒဿနကုန်းကို ရှာဖွေစေသည်။ ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးအုပ်နေသော စေတီတော်ကို ဖူးတွေ့ရသော် အတောင် ၈၀ ရှိသော ဓာတ်တော်တိုက် တံခါးနံရံကို ဖွင့်တော်မူ၍ ဆက်လက်တူးဖော်သော် ရှေးဘုရားသုံးဆူ၏ ပရိဘောဂထည့်ရာ ရွေှကျောင်းဆောင် သုံးခုနှင့် ဂေါတမဘုရား၏ ဆံတော်လေးဆူ ဖူးတွေ့ရပြီးနောက် စေတီကို ထပ်မံပြုပြင် တည်ထားသည်။
သက္ကရာဇာ် ၄၅၀ ပြည့်တွင် ပုဂံပြည် အလောင်းစည်သူမင်းသည် စေတီတော်ကို ထပ်မံပြုပြင် တည်ဆောက်တော်မူသည်။ ထို့နောက် "ပြည်မင်း မျက်နှာရှည်" လက်ထက် စေတီတော်ကို သံတောင် ၂၈ တောင်၊ နှစ်မိုက်အထိ ထပ်ပွားတည်ကာ ရွေှထီးကိုးဆင့် တည်ဆောက်တော်မူသည်။ ထို့နောက် "သားတော် မျက်နှာပု" မင်းလက် စေတီတော်၏ အနောက်မြောက်ထောင့်တွင် ချောက်ကြီးရှိသဖြင့် ကုန်းတော်ကို ချဲ့ထွင်ခဲ့ပါသည်။
စေတီတော်ကို အမြင့်သံတောင် ၅၈ တောင် စေတီရံသုံးဆင့်နှင့် စည်းခုံစေတီကြီးတည်တော်မူသည်။ ရွေှထီးကိုးဆင့် မြသီးရောင်ဆံတော်ဖူးတင်တော်မူ၍ "မြသီးတင်ဘုရား" ဟု သမုတ်တော်မူသည်။
ဤသို့အားဖြင့် ရွေှဆံတော်ဘုရားကို ဘုရင်အဆက်ဆက်နှင့် မြို့စားအဆက်ဆက် ပြုပြင်ထပ်ပွား တည်ထားခဲ့ရာ ယခုအခြေသို့ ဆိုက်ရောက်ခဲ့သည်။
ထို့ကြောင့် စာဆိုကျော် နဝဒေကြီးက "တောင်ထက် တောင်မြတ်၊ တောင်ကျော်ထွဋ်၌၊ လူနတ်များရှင်၊ မြသီးတင်နှင့်၊ ရှေ့ယွန်းနားဝယ်၊ တရားဘုန်းခေါင်၊ ဒွတ္တပေါင်ဟု၊ ပြည်ထောင်များရှင်၊ တည်ထားခဲ့ မှတ်သည်။ ရွေှထီးရွေှတိုင်၊ ရွေှစိုင်တခဲ၊ ရဲရဲထွန်းပြောင်၊ ကိုယ်တော်ရောင်ဖြင့်၊ ကျွန်းလုံးကျော်သည်၊ မည်တော်ဆုတောင်း ပြည့်တကား" ဟု စပ်ဆိုခဲ့ခြင်းဖြစ်သည်။
ပြည်ရွေှဆံတော်ဘုရားတွင် နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈) ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ဘရားပွဲ ကျင်းပကြသည်။ မြန်မာပြည်မြေလတ်ဒေသ ဖြစ်သဖြင့် အထက်မြန်မာပြည် အောက်မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများနှင့် နေ့စဉ်စည်ကားသော တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သည်။
အများ ဗဟုသုတ ရစေ ရန်အတွက်
ကျော်မင်းခေါင် ရေးသားထားသော ရွေှဆံတော် သမိုင်း မှ ကူးယူ ၍ ဗုဒ္ဓဘာသာ ဝင်များ ဖူးမျှော်ကြည်ညို နိူင်စေရန် Video နှင့်တွဲတင်ပေးခြင်း ဖြစ်ပါတယ် ။
အားလုံးသော ဦးဇင်းရဲ့စာဖတ်ပရိတ်သတ် အပေါင်း ကျန်းမာ ချမ်းသာ ဘေးရန် ကင်းကွာကြပါစေ ။ ဦးဇင်း ရဲ့ @[100010286794386:0] ( https://mobile.facebook.com/tayartaw123?ref=bookmarks ) အကောင့် တွင် ဓမ္မစာပေများ , ဗဟုသုတ စာပေများ , သမိုင်း ရာဇဝင်များ ကို အမြဲဖတ်ရူ့နိူင်ပါတယ် သူတော်ကောင်း အပေါင်းတို့ ။ " ဓမ္မစကား ၊ နေ့တိုင်းကြားက ၊ ထူးခြားလိမ္မာ ၊ ရှိသည်သာတည်း ။ " .........
ဓမ္မစာပေများ ရေးသာဒါနပြုသူ ။
@[100010286794386:0]
==================ပြီးပါပြီ==============
No comments:
Post a Comment