Search This Blog

Sunday, February 7, 2016

နည်းပညာနှင့်ဆော့ဝဲလ်များ

.

HomeContactFollowSitemapDownload Template

ဒေါင်းလော့လုပ်နည်း

Popular Posts

ဖုန်းနံပတ်ဖျောက်ပြီးဖုန်းဆက်တဲ့Apk

Wifi Passwordကြည့်လို့ရတဲ့apkများ

Skynet Up to Date Liveအစီစဉ်ကိုAndroidဖုန်းနဲ့ကြည့်နိုင်တဲ့Apk

Mojo Loggerအသုံးပြု၍hackနည်း

အကောင့်ယူနည်း နှင့် ကာကွယ်နည်း trusted friendsဖြင့် Facebook အကောင့်ယူနည်း နှင့် ကာကွယ်နည်း

18+တွေအတွက်Myanmar sex position apk

internetမလိုဖုန်းအလကားခေါ်တဲ့apkလေး

ဒေါင်းလော့လုပ်နည်း

ဘာသာပြန်apk

Labels

Adf.lyအကောင့်ဆိုင်ရာAdf.lyအကောင့်ဆိုင်ရာAndroid apksandroid root apksAndroid Root for PCAndroid Rootလုပ်နည်းAndroid ကရင် fontAndroid နည်းပညာဆိုင်​ရာAndroid မွန် fontAndroid ရှမ်း fontAndroidနည်းပညာများAndroidမြန်မာFontများBlog နည်းပညာCoc gameဆိုင်ရာCocမြန်မာfontComputer SoftwareComputer နည်းပညာများComputerမြန်မာfontအလှFacebookဆိုင်ရာနည်းပညာFacebookအကောင့်ဖွင့်နည်းစာအုပ်Gmailဆိုင်ရာGoogleမှာရှာနည်းHackingဆိုင်ရာiphone/ipad IOS နည်းပညာဆိုင်ရာLollipop Zawgyi tool rarMobile Newsmobileဖုန်းနည်းပညာMYANMAR IT EBOOKSNokia မြန်မာစာOnlineတွင်ငွေရှာနည်းPaypalဆိုင်ရာPaypalအကောင့်ဖွင့်နည်းProgrammingဆိုင်ရာVPNအသုံးပြုနည်းWebsite ဆိုင်ရာWifi Password Hackwindowဆိုင်​ရာYoutubeသို့videosတင်နည်းစ​လောင်းဆိုင်​ရာနည်းပညာနည်းပညာစာအုပ်ဘာသာ​ရေးဆိုင်​ရာမင်းသိင်္ခမဲသ​ဝေါတိုက်​ပွဲမြန်မာစာတန်းထိုးနည်းပညာမြန်​မာ့စာအုပ်​များဒေါင်းလော့လုပ်နည်း​ဗေဒင်​ဆိုင်​ရာ​သောင်း​ဝေဦး

Blog Archive

▼  2016 (14)▼  February (1)androidဖုန်းနဲ့DDosတိုက်ကြမယ်►  January (13)►  2015 (279)

Showing posts with label Googleမှာရှာနည်းShow all posts

Thursday, May 28, 2015

Google မှာ Pro တစ်ယောက်လို ရှာနည်း

Google မှာ Pro တစ်ယောက်လို ရှာနည်း
အင်တာနက် သုံးတဲ့လူတိုင်း Google ကိုတော့သိ
တော့သိကြပါတယ်။ဒါပေမယ့် သူရဲ့ search operator တွေကိုတော့ လူသိနည်းကြပါတယ်။
တကယ်လို့သင် ဟာ နည်းပညာဘက်မှာ အတွေ့အကြုံတွေအများကြီးရှိတယ်၊professional တစ်ယောက်ဖြစ်ရင်တောင်မှာ  ကျွန်တော်တို့အခု
ပြောပြမယ့် နည်း ၁၁ ခုထဲက တစ်ခုလောက်တော့ အနည်းဆုံးသင်သတိမထားမိတဲ့ နည်း တစ်ခုလောက်တော့ တွေ့သွားပါလိမ့်မယ်။

တိကျသော စကားလုံးများ နှင့် စကားစုများ

အခုကျွန်တော်တို့ပြောမယ့် ဟာ က ကိုယ်ရှာမယ့် စကားစုတွေကို " " Double Quote နှစ်ခုကြားထည့်
ပြီးရှာခြင်းပဲဖြစ်ပါတယ်။Google မှာ သင်ရှာချင်တဲ့ စကားလုံးကို တိတိကျကျ သိချင်ရင် Double Quote
နှစ်ခုကြားထည့်ပြီးရှာနိုင်ပါတယ်။ဥပမာ - Hello World ပေါ့ သူ့ကို Double Quote နှစ်ခုကြား ထည့်ပြီး
Google မှာရှာကြည့်ရင် Google က ရလဒ်အနေနဲ့ Hello World - အဲ့ဒီ့ စကားလုံးနှစ်ခု ပါတဲ့ Web page တိုင်းကိုပြပေးမှာဖြစ်ပါတယ်။

“Hello World”

အဲ့ဒီ နည်းကိုပဲသုံးပြီး စကားစု တင်မကဘူး စကားလုံး တစ်လုံးချင်းကို ပါရှာပေးနိုင်ပါတယ်။

စကားလုံး တစ်ခုအား ပယ်ခြင်း
minus sign။ဟုတ်ကဲ့ အဲ့ဒီ့ အနုတ် လခ်ဏာကိုသုံးပြီး Google မှာရှာတဲ့အခါ မပါစေချင်တဲ့ စကားလုံး
တွေကို ပယ်လို့ရပါတယ်။ဥပမာ သင်ဟာ Linux distributions ဆိုတဲ့ Page တွေကိုလိုက်ရှာနေတယ်
ဆိုပါဆို့ အဲ့လိုရှာတဲ့အခါ မှာ Ubuntu ဆိုတဲ့ စကားလုံးမပါစေချင်ဘူးဆိုရင် အောက်ပုံမှာပြထားတဲ့ အတိုင်း
Linux distributions ဆိုတဲ့အရှေ့မှာ အနုတ်လခ်ဏာထည့်ပြီး သင်မပါစေချင်တဲ့ စကားလုံး Ubuntu
ထည့်ပေးလိုက်ရုံပါပဲ။

linux distributions -ubuntu

Site ရှာဖွေခြင်း
ဒီ site: ကိုသုံးပြီး Site တစ်ခုချင်းစီမှာ ပါတဲ့ အကြောင်းအရာ အချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။
ဥပမာ သင် ဟာ Android နဲ့ပတ်သတ်ပြီး Blogger A.K.M ဆိုတဲ့ Site မှာရှာချင်တယ် ဆိုပါစို့
အဲ့လိုအခါမှာ အောက်မှာပြထားတဲ့အတိုင်း site:bloggerakm.blogspot.com Android လို့ရှာဖွေနိုင်ပါတယ်။

site:bloggerakm.blogspot.com Android
ဆက်စပ်နေသော စကားလုံးများ
ဒီ tilde (~) ကိုသုံးပြီး  ဆက်စပ် စကားလုံးတွေကိုရှာနိုင်ပါတယ်။ဥပမာ- သင်ဟာ
Geek ဆိုတဲ့ စကားလုံးကို tilde (~) နှင့်တွဲပြီး Google မှာ ~geek ဆိုပြီး ရှာကြည့်ရင် သူနဲ့ဆက်စပ်တဲ့
ရလဒ်တွေ၊ပုံစံတူ Meaning တူတွေကို Result  ထုတ်ပေးနိုင်ပါတယ်။(မေးစရာ တစ်ခုရှိတယ် ~geek လို့ရှာလိုက်ရင် ဘာကြောင့် Linux နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပါလာ ရတာလဲ? အဖြေကရှင်းရှင်းလေးပဲ Geek ဆိုတဲ့ စကားလုံးက "Greek" ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာ
ဖြစ်ပြီး “Linux” ဆိုတဲ့ စကားလုံးနဲ့ အနီးစပ်ဆုံး Meaning တူလို့ဖြစ်ပါတယ်။ဆက်စပ်နေတဲ့ စကားလုံးဖြစ်နေလို့ လည်းပြောလို့ရပါတယ်။)

~geek

Wildcard
Wildcard ကိုဘယ်လိုရှင်းပြရမလဲ။ဟုတ်ပြီ ဒီနေရာမှာ Wildcard က asterisk (*) လို့ခေါ်တဲ့ ခရေပွင့်ပုံစံ
ကို ကိုယ်စားပြုပါတယ်။အဲ့ဒီ့ asterisk (*) ခရေပွင့်ပုံစံကို အသုံးပြုပြီး ကြိုက်တဲ့ စကားလုံးကိုမဆို Match
လုပ်ပေးနိုင်ပါတယ်။ဥပမာ- သင်ဟာ Google ကဘယ် Company တွေကို ဘယ်လောက်နဲ့ဝယ်ထား
တယ်ဆိုတာကို သိချင်ရင် အောက်မှာပြထားတဲ့အတိုင်း “google purchased * for * dollars” လို့ရိုက်
ထည့်ပြီး ရှာဖွေနိုင်ပါတယ်။

“google purchased * for * dollars”

အချိန်ကာလ သတ်မှတ်ပြီး ရှာဖွေခြင်း
ဒီ operator ကိုတော့လူသိနည်းကြပါတယ်။ဒီ operator ကိုသုံးပြီး သင်ရှာချင်တဲ့ အကြောင်းအရာတွေကို
အချိန်ကာလ သတ်မှတ်ပြီး ရှာဖွေနိုင်ပါတယ်။ဥပမာ-သင်ရှာချင်တာက ubuntu နဲ့ပတ်သတ်ပြီး 2008 နဲ့
2010 ကြားက အကြောင်းအရာတွေကို ရှာချင်တာဆိုရင် အောင်မှာပြထားတဲ့တိုင်း ubuntu 2008..2010
လို့ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။

ubuntu 2008..2010

ဖိုင်အမျိုးအစား များကိုရှာဖွေခြင်း
ဒီ filetype: ကိုအသုံးပြုပြီး File အမျိုးအစား တစ်ခုချင်းစီ သီးသန့် ရှာဖွေနိုင်ပါတယ်။ဥပမာ- သင်ဟာ PDF ဖိုင်သီးသန့်ရှာ ချင်တယ်ဆိုရင်  filetype: ရဲ့နောက်မှာ သင်လိုချင်တဲ့ PDF ဖိုင်နာမည်ကို ထည့်ပြီးရှာ
ဖွေနိုင်ပါတယ်။

filetype:pdf how to geek

ဒီစကားလုံး သို့မဟုတ် ဒီစကားလုံး
ဒီ “OR” ဆိုတဲ့ operator ကိုအသုံးပြုပြီး သင်ရှာချင်တဲ့ စကားလုံး သို့မဟုတ် နောက်ထက်တစ်ခြား စကားလုံးကို ရှာဖွေပေးနိုင်ပါတယ်။ဥပမာ- Ubuntu သို့မဟုတ် Linux ဆိုတဲ့ စကားလုံးနှစ်ခုထဲက
တစ်ခုမဟုတ်တစ်ခုကို Result မှတွေ့ချင်တယ်ဆိုရင် OR ဆိုတဲ့ စကားလုံးကိုအသုံးပြုပြီး ရှာဖွေနိုင်ပါတယ်။

ubuntu OR linux

စကားလုံးများရဲ့ Definition တွေကိုရှာဖွေခြင်း
စကားလုံးတစ်လုံး အတွက် dictionary တွေမှာ လိုက်ပြီးရှာနေစရာမလိုပါဘူး။ဒီ define: ဆိုတဲ့ Operator
ကိုအသုံးပြုပြီး စကားလုံးတွေရဲ့ Definition ကိုသိနိုင်ပါတယ်။

define:word

Calculator
Google ကို Calculator အဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ဥပမာ အနေနဲ့ အောက်မှာ ပြထားပါတယ်။

(4 + 2) * (6 / 3)
Unit Conversion

Calculator ကိုအသုံးပြုပြီး Unit တွေကို Conversion ပြုလုပ်နိုင်ပါတယ်။

5 nautical miles in kilometers
ကဲဒီနည်း တွေကို အသုံးပြုပြီး Google မှာ Pro တစ်ယောက်လိုရှာနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။

credit>Kaung Sett Hlaing

Posted by Master Myo at 17:53 

Email ThisBlogThis!Share to TwitterShare to FacebookShare to Pinterest

Labels: Googleမှာရှာနည်း

Older PostsHome

ဒေါင်း​လော့လုပ်​နည်း

About Me

လွမ်းသူMaster Myo

Followers

Home

Social Icons

Featured Posts

 

Copyright © 2012 နည်းပညာနှင့်ဆော့ဝဲလ်များ | Designer by Irvan Efendy | Inspired from Crazy Davinci

No comments:

Post a Comment