ျမန္မာ သကၠရာဇ္ ၄၇၃ - ခုႏွစ္တြင္၊ ပုဂံေနျပည္ေတာ္ၾကီး တြင္၊ ထီးနန္း စိုးစံေတာ္ မူေသာ နရပတိ
အေလာင္း စည္သူ မင္းၾကီးသည္၊ မဟာသမုျဒာတြင္ ရွိေသာ ရတနာ အမ်ိဳးမ်ိဳးတို႔ကို ၾကည္႔ရွဴ ေတာ္မူ
လို သျဖင္႔၊ သကၤနက္ ေဖာင္ယာဥ္ စၾကာျဖင့္ မွဴးးမတ္ဗိုလ္ပါတို႔ ျခံရံလ်က္ ထြက္ခြာေတာ္မူသည္။
မင္းၾကီးသည္ ေဖာင္ယာဥ္ စၾကာႏွင္႔ ယမထာ ၾကီမ္လံုးစၾကာကို ပိုင္ဆိုင္ေသာမင္းျမတ္ျဖစ္ေပသည္၊
ထိုေၾကာင္႔ သကၤနက္ေဖာင္စၾကာကို သြားလိုရာအရပ္တြင္ (လက္ညိဳးညြန္ရာ ေရျပင္ျဖစ္ရေလသည္။)
ဟူေသာ ဆိုရိုးစကားထင္ရွားေလသည္။
အေလာင္းစည္သူ မင္းၾကီးသည္တိုင္းခန္း လွည္႔လည္ေတာ္ မူရင္း၊ ျမင္႔မိုရ္ေတာင္သို႔ သြားလိုေသာ
စိတ္ဆႏၵ ျပင္းျပလာ သျဖင္႔၊ ျမင္႔မုိရ္ေတာင္သို႔ သြားရန္ ဆံုးျဖတ္ လိုက္သည္။
နတ္ သိၾကားမင္းႏွင္႔ သူသီတာတို႔ ဟန္႔တားျခင္း။
တာ၀တိန္သာ နတ္ျပည္ကို အစိုးရေသာ သိၾကားမင္းႏွင့္ မိဖုရား သူသီတာတို႔က၊ လူအို ခင္ပြန္းအ
ေရာင္ဖန္ဆင္းျပီး ေလာင္းေလွငယ္ႏွင့္ စီးႏွင္းေလွာ္ခက္ဟန္ ကဲ့သို႔ေလွာ္ခက္ လာေလသည္။ မင္း
ၾကီးျမင္ေသာ အခါ ေမးျမန္း ခဲ႔သည္မွာ - အကၽႊႏု္ပ္တို႔ ခင္ပြန္းသည္ တဆယ္႔ငါးႏွစ္ အရြယ္ကပင္
အီမ္ေထာင္ျပဳျပီး ျမင္႔မိုရ္ေတာင္ သို႔ ေရာက္ခ်င္ေသာအား ငါတို႔သြားသည္၊ ယခုမူကား ျမင္႔မိုရ္ေငြ႔မ်ား
မေတြ႔ရပါ။တို႔သာမိုက္လွျဖစ္ေပစြ၊ မေတြ႔ပါရ၊ ေျမးေမာင္လွတို႔ မွတ္ရသူအိုစကားတည္း။ ဟုေျပာျပီး
အေလာင္းစည္သူ မင္းၾကီးသည္ သူအိုတို႔ ေျပာသည့္စကားကို မယံုၾကည္ဘဲ ဆက္လက္သြားရန္
ဆႏၵျပင္းျပေနပါသည္၊ ထိုေၾကာင့္ ေဖာင္ယာဥ္ စၾကာႏွင့္ သူအိုတို႔ စီးႏွင္းေသာ ေလာင္းေလွငယ္တို႔
ယွဥ္ျပိဳင္ၾကရာ၊ သိၾကားမင္း ဖန္ဆင္းထားေသာ ေလာင္းေလွငယ္ က ပိုမိုျမန္ဆန္ေသာေၾကာင့္၊မင္း
ၾကီးက သြားရန္ အစီစဥ္ကို ဖ်က္သီမ္း လိုက္ေလသည္။
ဇမဴသေျပသို႔ေရာက္ေတာ္မူျခင္း
အေလာင္းစည္သူ မင္းၾကီးသည္ ဇမဴ သေျပပင္ရင္းသို႔ ဆိုက္ေရာက္ ေသာအခါ ဗိုလ္ရွဳ သဘင္ ခံယူ
ေတာ္ မူေလ၏၊ ထိုအခါ ဟိမ၀ႏၱာ ေတာအရပါမွလာေသာ လီလူးတေယာက္သည္ သားငယ္ကိုပိုက္
ဲၿပီးျမစ္ကမ္းနားကေနျပီးၾကည္႔ေလသည္။
ထိုသို႔ ငိုေကၽႊးမည္တမ္းေသာ အသံကို မင္းၾကီး ၾကားေတာ္မူေလေသာ္ ယမထာ ၾကီမ္လံုးႏွင္႔ ေရကို
ပုတ္ခက္လိုက္ရာေရေစာင့္နတ္ထြက္ေပၚလာသည္။ ဘီလူးမ၏ သားငယ္ကို ေရေစာင္႔နတ္က သယ္
ယူေပးျပီး၊ ဘီလူးမက အလြန္ ၀မ္းသာလွေပ၏ ထိုအခါ ဘီလူးမက မိမိေနရာ ဟိမ၀ႏၱာေတာ အရပ္
သို႔ ၀င္ေရာက္ျပီး အနံ႔ေမြးၾကိဳင္လွေသာ သရကၡာန္ အစစ္ကို ျဖတ္ယူျပီး လာေရာက္ ဆက္သေလ
သည္။
ဘုရား ရုပ္ထုေတာ္ျမတ္ ငါးဆူ ဆက္သျခင္း။
သိၾကားမင္းၾကီးသည္ ကိုယ္ထင္ရွား ျပသျပီး၊ မင္းၾကီးအား ဆိုေလသည္။
-ျမတ္ေသာမင္းၾကီး ျမင႔္မိုရ္ေတာင္သို႔မသြားျခင္းကား ေကာင္းလွပါေပ၏ ငါကား သိၾကားတည္း မင္း
ၾကီး အား သာသနာေတာ္၏အက်ိဳးကိုေဆာင္ရြက္ေစခ်င္ေသာေၾကာင္႔ ၊ျမင္႔မိုရ္ေတာင္သို ႔မ သြားျဖစ္
ေလေအာင္ တားျမစ္ျခင္းျဖစ္ေပသည္။ သာသနာေတာ္တည္သမွ် လူသတၱ၀ါအေပါင္းတို႔ ကိုးကြယ္စိမ့္
ေသာဌာ - သင္မင္းၾကီးအား၊ ဘုရား ရုပ္ထုေတာ္ျမတ္ကို၊ ငါေပးမည္ဟု ဆိုကာ - မင္းၾကီးထံတြင္ သ
ရကၡာန္ အသားကို ေတာင္းယူျပီး ရုပ္ထုေတာ္ျမတ္ (၅) ဆူကို ထုလုပ္ျပီး သီသဓါတ္ေတာ္တဆူ၊ သရိ
ယဓါတ္ေတာ္ျမတ္္ တဆူကို ထည္႔သြင္း ဌာပနာေလ၏ သရကၡန္အစ - သေျပအစ - ေဗာဓိအစတို႔ကို
စုေပါင္းျပီး စီရင္ေသာေၾကာင့္ ျမတ္ေပါင္း မဥၹဴ ဘုရား ဟုေခၚေ၀ၚခဲ႔ေလသည္။။
ထိုဘုရားတြင္ သီသေမြေတာ္ (၁) ဆူႏွင့္ ႏွလံုးေတာ္ တဆူသြင္း ျပီး ဌာပနာေလ၏ အထက္ေဖာ္ျပပါ
သရကာၡန္ရုပ္ထုေတာ္ျမတ္ (၅) ဆူႏွင့္ ျမတ္ေပါင္းမဥၹဴ (၁) ဆူ၊ ရွင္ျဖဴ-ရွင္လွ (၂) ဆူေပါင္း ဘုရားရုပ္
ထုေတာ္ျမတ္(၈)ဆူ ကုိသိၾကားမင္းကထုလုပ္ျပီးဆက္သေလ၏
သရကၡာန္ဘုရား ရုပ္ထုေတာ္ (၄) ဆူ ဌာပနာတိုက္ သြင္းျခင္း။
ျမန္မာ သကၠရာဇ္ ၄၈၂-ခုႏွစ္ တြင္၊အေလာင္းစည္သူမင္းၾကီးသည္တိုင္းခန္းလွည္႔လည္မူရာ၊အေရွ႕
ေတာင္ညိဳ ေတာင္တန္းၾကီးတြင္ သာသနာေတာ္ျမတ္ ငါးေထာင္အတြင္း သာသနာေတာ္ ထြန္းကား
ေသာ အရပ္ေဒသျဖစ္လီမ္႔မည္။ ထိုေတာင္တန္း၏အေရွ႔ကား (ေနာင္)မဟာနာဂရျပည္ၾကီးျဖစ္ဖြယ္
ရာရွိေပ၏ ထိုေၾကာင္႔-သရကၡာန္ရုပ္ထုေတာ္ျမတ္(၅)ဆူကို၊ထိုအရပ္ေသဒ၌တည္ေဆာက္ ဌာပနာ
ေပးရန္ေသာ တာပန္နတ္ၾကီးက ဆိုေတာ္မူေလ၏၊မင္းၾကီးကလည္းနတ္ၾကီးဆိုသည္႔အတိုင္း ရုပ္ထု
ေတာ္ျမတ္ကို ပထမ၊ဒုတိယ၊တတိယ၊စတုထၳ၊ေလးဆူေသာ ဘုရားရဟႏၱာရုပ္ထုေတာ္ျမတ္ကိုပင္႔ယူ
ၿပီး ဆင္ေတာ္ေပၚ၌ တင္ၾကေလ၏။အဖ်ားပိုင္း ပဥၹမ ရုပ္ထုေတာ္ကို၊ ဆင္အတင္မခံသျဖင္႔ ထိုအရပ္
၌ ပို႔ေဆာင္ျခင္းမရွိ၊ သရကၡာန္ရုပ္ထုေတာ္ျမတ္ (၄) ဆူႏွင့္ ျမတ္ေပါင္းမဥၹဴ တဆူကို ဆင္ေပၚတင္ျပီး
လြတ္ေတာ္ မူေလသည္။ ရုပ္ထုေတာ္တင္ေဆာင္လာေသာဆင္မ်ားကို၊အေရွ႔ေတာင္ညိဳအရပ္၌လွည္႔
ပတ္လာရင္း သန္းေထာင္ အရပ္၊ေဖာင္ေတာ္ေပါက္ေတာင္ေျခရင္းသို႔ ေရာက္ရွိသည္႔အခါဆင္မ်ား
မည္သည္႔အရပ္သို႔ မထြက္ ထြာေတာ့သျဖင္႔၊ထိုအရပ္တြင္ပင္ဌာပနာတိုက္တည္ေဆာက္ျပီး၊လိုဏ္ဂူ
သြင္းထားပါသည္။ ျမတ္ေပါင္းမဥၹဴဘုရားကိုတင္ေဆာင္ ေသာဆင္မွာေတာင္ အရပ္သို႔ ထြက္ခြာလာ
ရင္းမင္းၾကီးကနန္းေတာ္သို႔ ျပန္လည္ပင္႔ေဆာင္မည္ဟုဆိုေလသည္။ ထိုအခါ ေသာဆင္မွာ ေတာင္
အရပ္ဌာနသို႔ထြက္ခြာလာရင္းမင္းၾကီးကနန္းေတာ္သို႔ျပန္လည္ပင္႔ေဆာင္မည္ဟုဆိုေလသည္။
ထိုအခါေသာတာပန္ နတ္မင္းၾကီး ဆက္လက္ေျပာၾကားခဲ႔သည္မွာ - မင္းျမတ္ ထိုရတနာ မဥၹဴ ဘုရား
ကိုမဟာဂါမရြာ၌သာ အပ္ႏွံထားရွိရန္၊ ျမတ္ေပါင္းမဥၹဴ ဘု၇ားကို ထိုမဟာ ကာမရြာတြင္ ၊အပ္ႏွံထား
တာ္မူမွေနာင္ေသာအခါ သရကၡာန္ရုပ္ထုေတာ္ျမတ္ႏွင္႔ တေပါင္းတည္း ရွိလာမည္ ဟု ေသာတာပန္
နတ္ၾကီးကဆိုေတာ္မူေလသည္။
နတ္ၾကီးဆိုေတာ္မူသည္႔အတိုင္း မဟာကာမရြာေက်ာင္း၌၊ဆရာေတာ္(အရိယဓမၼရာသီ) ထံအပ္ႏွံေပး
ၿပီးမဟာကာမရြာသူ-ရြာသားမ်ားႏွင္႔အတူ ပြဲလမ္းသဘင္ဆင္ယင္က်င္းပျပီး၊ေရစက္ခ်အမွ်-အတမ္းေပး
ေ၀ၾကပါသည္။
ဘုရားရုပ္ထုေတာ္ျမတ္(၄)ဆူေတြ႔ရွိျခင္း။
သကၠရာဇ္၇၂၁-ခုႏွစ္တြင္၊ေညာင္ေရႊျမိဳ႔ ေစာ္ဘြားၾကီး စီဆိုင္ဖ လက္ထက္ေတာ္အခါ သန္းေထာင္အရပ္
တြင္တခုေသာေနရာ၌၊ ဘုရားေရာင္ျခည္ေတာ္မ်ားကြန္႔ျမဴးေနသည္ကိုဖူးျမင္ေတြ႔ရွိၾကသျဖင္႔ေစာ္ဘြားၾကီး
ထံ သံေတာ္ဦးတင္ၾကေလသည္။
နယ္ရွင္ေစာ္ဘြားက မွဴးေတာ္-မတ္ေတာ္မ်ားႏွင္႔ျခံရံျပီးထြက္ေတာ္မူကာ၊ျမက္ျခံဳပိတ္ေပါင္းတို႔ကို ရွင္းလင္း
ခုတ္ထြင္ေစျပီး၊ရွာေဖြၾကရာ လိွဳဏ္ဂူအတြင္း၌ ဘုရားရုပ္ထုေတာ္ျမတ္ (၄)ဆူကိုေတြ႔ရွိ ဖူးျမင္ေတာ္မူခဲ႔ေလ
သည္။
ေနရာဌာနေျပာင္းေရႊ႕ျခင္း။
သကၠရာဇ္၉၇၇-ခုႏွစ္တြင္၊ေညာင္ေရႊျမိဳ႔၌ ဘြားသားစိုးစံေတာ္မူေသာေစာ္ဘြားမ(ေစာင္နန္းဖဲ)လက္ထက္သို႔
ေရာက္ေသာအခါ၊ ထိုျမိဳ႔ေတာ္ကိုထိပါးတိုက္ခိုက္ ေႏွာက္ယွက္ဖန္မ်ားေသာေၾကာင္႔ ၊ဗုဒၵဘာသာ ရွမ္းျမန္မာ
တို႔ အထြတ္အထိပ္ျဖစ္ေသာယင္း၏ရုပ္ထုေတာ္ျမတ္ကို၊စစ္ေဘးစစ္ဒဏ္ရန္အႏၱရယ္ကင္းရွင္းရာျဖစ္ေသာ
ေညာင္ေရႊျမိဳ႔နယ္ - ေရႊအင္းတိန္ ဘုရားၾကီး၏ အရံေစာင့္ အသီေတာ္မ်ား ေနရာ ရပ္ကြက္၌၊ ေက်ာင္းေတာ္
ျပဳျပင္ေဆာက္လုပ္ျပီးလွ်င္ ပင္႔ယူပို႔ေဆာင္ေစျပီး၊အေနာ္ရထာမင္း အပ္ႏွံထားသည္႔အတိုင္း၊၁၂ - မႈမင္းေရး
ကိစၥ ခပ္သိမ္း လြတ္ျငီမ္းခ်မ္းသာခြင့္ေပးျပီးေစာင္႔ေရွာက္ထိမ္းသီမ္းေရးကိစၥ ေဆာင္ရြက္ဘြယ္ အ၀၀တို႔ကို
အမိန္႔အာဏာမ်ားႏွင့္ အပ္ျပီးလွ်င္ အထူးေစာင့္ေရွာက္ ေစေတာ္မူေလသည္။
ေဒသစာရီ ၾကြခ်ီ ေတာ္မူျခင္း။
ေညာင္ေရႊျမိဳ႔ေတာ္၌ ႏွစ္စဥ္ သီတင္း သီတင္းကၽႊတ္ လဆန္း (၇) ရက္ေန႔တြင္၊ က်င္းပေသာ ရုပ္ထုေတာ္ျမတ္
အပူေဇာ္ ခံပြဲၾကီးကို၊ ဆက္လက္ က်င္းပျပဳလုပ္ရာ -
သီတင္းကၽႊတ္လဆန္း - ၀၆ရက္ေန႔ဟဲယာရြာမသို ႔ၾကြျပီး တညစံ။ ။ - ၀ရ ။ေညာင္ေရႊျမိဳ႔ေတာ္သို႔ၾကြ တညစံ။ ။ - ၀၈ ။ နန္းသဲသို႔ၾကြေန႔ဆြမ္းကပ္ျပီးလွ်င္ ။ - ၀၉ ။နန္းပန္ရြာသို႔ၾကြေရာက္တညစံ။ ။ - ၁၀ ။ေနာင္ေတာရြာသို႔ၾကြေရာက္တညစံ။ ။ - ၁၁ ။ရြာၾကီးဘန္း ပံုသို႔ၾကြ တညစံ။ ။
- ၁၂ ။ေဆာ္မရြာေက်ာင္းေတာ္သို႔
အေရာက္ၾကြေတာ္မူကာ ျမိဳ႔ရြာေနလူျပည္သူတို႔၏ ရိုေသ၀ပ္လွ်ိဳးရွိခိုးေကာ္ေရာ္အပူေဇာ္ခံ ၆-ဌာန ပြဲသဘင္
ဆင္ယင္က်င္းပလာခဲ႔သည္။
ရုပ္ထုေတာ္ျမတ္ (၄)ဆူသာ ေဒသစာရီၾကြခ်ီေတာ္မူျခင္း။
ထိုရုပ္ထုေတာ္ျမတ္(၅)ဆူအနက္ေညာင္ေရႊေဇာ္ဘြားၾကီးအပ္ႏွံထားေသာ သရကၡာန္ရုပ္ေတာ္ျမတ္(၄)ဆူ
ႏွင္႔ သကၠရာဇ္-၄၈၂ ခုႏွစ္အတြင္း၊အင္းတီမ္ဘုရားအသီေတာ္ျဖစ္ေသာမဟာဂါမရြာေက်ာင္းေတာ္၌၊
နရပတိစည္သူမင္း အပ္ႏွင္းေပးထားေသာ ျမတ္ေပါင္းမဥၹဴဘုရား ရုပ္ထုေတာ္ျမတ္(၁)ဆူ ေပါင္း (၅)ဆူ
ျဖစ္ေလသည္။ေဒသစာရီ ၾကြခ်ီေတာ္မူသည္႔အပူေဇာ္ခံပြဲ၌၊(၅)ဆူလံုးပင္႔ေဆာင္ခဲ႔ရာ၊ ေညာင္ေရႊျမိဳ႔ေတာ္သို႔
အၾကြ၊လင္းကင္းရြာအေရွ႔အင္းလယ္သို႔အေရာက္၊ေလၾကီးမိုးၾကီး သည္းထန္စြာရြာသြန္းတိုက္ခိိုက္သျဖင္႔
ဘုရားေလွေတာ္ႏွစ္ျမဳပ္ျပီး၊ ရုပ္ထုေတာ္ျမတ္(၅)ဆူအနက္(၄)ဆူသာရွာေဖြေတြ႔ရွိ ပင္ယူရရွိသည္။ အဆိုပါ
လက်ၤာရံ ရဟႏၱာတဆူမွာ×ရွာေဖြစံုစမ္းျပီးမရရွိျဖစ္ခဲ႔ေလသည္။ေဒသစာရီၾကြခ်ီိေတာ္မူသည္႔အျပီး၊ေက်ာင္း
ေတာ္ေရာက္တြင္ ဂႏၵကုဋိတိုက္ေတာ္ဖြင္႔ေသာအခါတြင္မွ၊ဦးေခါင္းေတာ္တြင္ေမွာ္မ်ားတင္လ်က္ဖူးေတြ႔ရ
ေၾကာင္း၊ထို႔ေနာက္တဖန္ပင္႔ယူျပန္လွ်င္၊ေရွ႔နည္းမေသြမိုးေလသည္းထန္စြာ ရြာသြန္းတိုက္ခက္ျပန္သျဖင္႔
ထို ရဟႏၱာရုပ္ထုေတာ္ျမတ္တဆူကို၊ညတြင္းခ်င္းေက်ာင္းေတာ္သို႔ပင္႔ျပန္ပို႔ေဆာင္ေသာအခါမွမိုးစင္ေလ
ကင္းခ်မ္းသာျခင္းျဖစ္ေလသည္။
(၁၉)ဌာနအပူေဇာ္ခံပြဲၾကြခ်ီေတာ္မူျခင္း။
မူလ ၆-ဌာနၾကြခ်ီေတာ္မူျပီး ၈-ဌာန ပြဲေတာ္မ်ားက်င္းပလာခဲ႔သည္႔ျပင္ေနာက္ေနာင္ အုပ္ခ်ဴပ္ေတာ္မူၾက
ေသာေညာင္ေရႊျမိဳ႔ေစာ္ဘြားၾကီးမ်ား လက္ထက္ေတာ္တြင္၊ အရပ္ရပ္-အရြာရြာတို႔မွေစတနာ သဒါၵတရား
တိုးပြား ထက္သန္လာၾကသျဖင္႔၊မိမိတို႔ရပ္ရြာ တြင္ေန႔ဆြမ္းကပ္လွဴရာႏွင္႔ ညက်ိန္းေတာ္မူရန္ခြင့္ပန္တင္
ေလွ်ာက္ၾကသည္႔အတိုင္း ၊ေနာက္ထပ္ ၁၂-ဌာနအရပ္မ်ားသို႔ခြင္႔ျပဳေတာ္မူခဲ႔ေလသည္။
ဌာနေပါင္း(၁၉)၊ရက္ေပါင္း(၁၅)ရက္မွ်ၾကြခ်ီေတာ္မူခဲ႔ေလသည္.။ ေနာက္ထပ္ပြဲစားကုန္းဌာန၌ေန႔ဆြမ္း
ကပ္ရန္ထပ္မံခြင္႔ျပဴလိုက္သည္။
သို႔ေသာ္၁၃၁၁-ခုႏွသ္၊တိုင္းျပည္ျင္ိမ္၀ပ္ပိျပားမွဳမရွိသည္႔အတြက္၊ဂုိဏ္းသံဃာဆရာေတာ္မ်ားသက္ဆိုင္ရာ
အစိုးရဌာန အၾကီးအကဲမ်ားႏွင့္ နန္းဟူးရြာ ဘုရားထိန္း သိမ္းေစာင့္ေရွာက္ေရးေဂါပကအဖြဲံ႔ လူၾကီးမ်ားတို႔
အားလံုးသေဘာတူညီခ်က္ ဆံုးျဖတ္ၾကသည္႔အတိုင္း ထိုႏွစ္တြင္ေဒသစာရီ ၾကြခ်ီေတာ္မူျခင္း မရွိပါ။သက္
ဆိုင္ရာ ဒါယကာ၊ ဒါယိကာမ တို႔မိမိဌာနသို႔ၾကြေရာက္သည္႔ေန႔က်လွ်င္ ေဖာင္ေတာ္ဦးဘုရားေက်ာင္းေတာ္
ၾကီးသို႔ အေရာက္၊ ဆြမ္း၊ ပန္း၊ ေရခ်မ္း၊ ဆီမီး၊ဖေရာင္းတိုင္မ်ားကိုလာေရာက္ဆက္ကပ္လွဴဒါန္းၾကပါသည္။
ထိုႏွစ္တြင္ ေက်ာင္းေတာ္၌ ေန႔စဥ္ႏွင့္ အမွ် လူစည္ကားႏွစ္ဟု မွတ္ခ်က္ခ်ေပမည္။
၁၃၁၂-ခုႏွစ္တြင္၊ေဒသစာရီဆက္လက္ၾကြခ်ီေတာ္မူလာရင္း၊၁၃၂၇-ခုႏွစ္၊သီတင္းကၽႊတ္လဆန္း(၆)ရက္၊
နံနက္ (၈) နာရီ အခ်ိန္တြင္၊ ဟဲယာရြာမဌာနမွေက်းစားကုန္းေက်ာင္းသို႔အၾကြ ေျမနီကုန္းရြာအေရွ႔ေတာင္
ေထာင္႔သို႔အေရာက္၊မိုးၾကီး ေလၾကီးသည္းထန္စြာ ရြာသြန္းတိုက္ခက္သျဖင္႔၊ကရ၀ိတ္ေဖာင္ေတာ္ေလွၾကိး
မွာတီမ္းေမွာက္သြားပါသည္။ ထိုရုပ္ထုေတာ္ျမတ္ (၄) ဆူ အနက္ေရေအာက္သို႔ ၂ဆူက်သြားျပီး က်န္၂ဆူ
မွာဘုရားလူၾကီးမ်ားတို႔ကပင္႔ယူရရွိလိုက္သည္ယေရေအာက္၌က်ေသာဘုရား၂ဆူမွာ ထိုနံနက္၉နာရီခြဲ အ
ခ်ိန္တြင္ရွာေဖြေတြ႔ရွိခဲ႔ျပီး ဆက္လက္ပင္႔ေဆာင္ၾကပါသည္။
(၂၀) ဌာန အပူေဇာ္ခံပြဲ ၾကြခ်ီေတာ္မူျခင္း။
၁၃၂၈-ခုႏွစ္တြင္၊ ေဒသစာရီ ၾကြခ်ီေတာ္မူသည္႔ ခရီးစဥ္ကိုျပဳျပင္ျပီး၊ ေကလာဌာန ၌ ၊ ေန႔ဆြမ္းကပ္လွဴရန္
ဌာနသစ္တိုးခ်ဲ႔ျပီး ႏွစ္စဥ္ ေန႔ဆြမ္းကပ္လွဴဒါန္႔ေနသည္႔ ဇရပ္ၾကီးဌာနကို ညက်ိန္း၀ပ္ရန္အခ်ိန္ ဇယားျပဳျပင္
လိုက္ပါသည္။ ထိုႏွစ္တြင္ ေတာ္သလင္းလကြယ္ ေန႔ ေက်ာင္းေတာ္မွ ထြက္ခြာျပီး သီတင္းက်ၽႊတ္ လျပည့္
ေက်ာ္၂ရက္ေန႔တြင္၊ေက်ာင္းေတာ္သို႔ျပန္လည္ၾကြ၀င္ေတာ္မူသည္။
နိမိတ္ထူးျခားခ်က္ တင္ျပျခင္း။
၁၃၂၈-ခုႏွစ္၊ ေတာ္သလင္းလကြယ္ေန႔ နံနက္ ၇ နာရီ အခ်ိန္၊ ေက်ာင္းေတာ္ ျပာသဒ္ဦး ပလႅင္ေတာ္မွ စီး
ေတာ္ေလွ စံေက်ာင္း ျပသာဒ္ အတြင္းသို႔ ပင့္တင္ျပီး ၾကြခ်ီေတာ္မူရာ မိုးလင္းစေနသည္ ၾကားမွ ညအခ်ိန္
ကဲ့သို႔ ေမွာင္က် သြားပါသည္ ထို႔ ၈ နာရီခြဲအခ်ိန္ က်ေရာက္မွ အလင္းေရာက္ ျပန္လည္ျမင္ေတြ႔လာျပီး ေန
စႀကၤာ၏ အလင္းေရာင္ကို ေတြ႔ျမင္ရေလသည္။ ထိုနိမိတ္ ထူးျခားခ်က္ကို လူတိုင္းပင္ အ႔ံၾသ ရေလသည္။
ထိုႏွစ္တြင္အင္းေလးေဒသ၌ ေဘးအႏၱရယ္ အမ်ားအျပားေတြ႔ရွိရျပီး၊ ၁၃၂၉-ခုႏွစ္္ ေဒသစာရီၾကြခ်ီေတာ္မူ
ရာေနရာဌာနတိုးျမင့္ျခင္း မျပဳလုပ္ေတာ့ ဘဲ ေန႔ရက္ႏွင့္ အခ်ိန္ကိုသာျပဳျပင္ေပးခဲ့ေလသည္။သီတင္းကၽႊတ္
လဆန္း၁-ရက္ေန႔ေက်ာင္းေတာ္မွအင္းတီမ္ဌာနသို႔ ၾကြေရာက္ေတာ္မူျပီး သီတင္းကၽႊတ္လျပည္႔ေက်ာ္ ၃
ရက္ေန႔ေရသာဌာန မွေက်ာင္းေတာ္ သို႔ ျပန္လည္ ၾကြ၀င္ေတာ္ မူေလသည္။
ထာ၀ရေက်ာင္းေတာ္ရာေရႊ႕ေျပာင္းျခင္း။
သကၠရာဇ္၁၁၃၃ ခုႏွစ္တြင္၊ေရႊအင္းတီၤမ္ ဘုရားၾကီး၏ အေရွ႔ဘက္ မဟာဂါမရြာရွိ ေဖာင္ေတာ္ဦးေက်ာင္း
ေတာ္ၾကီးကို မီးသင္႔ေလာင္သျဖင္႔၊ ရြာၾကီးဘန္းပံုအရပ္တြင္ေက်ာင္းေတာ္ေဆာက္လုပ္ျပီး၊ ရုပ္ပြားေတာ္
ျမတ္ (၅) ဆူကို ေရြေျပာင္းပင္႔ေဆာင္ျပီးလွ်င္၊ အသိေတာ္မ်ားက ေစာင့္ေရွာက္ၾကေလသည္။ ထို႔ေနာက္
တဖန္၁၂၄၃-ခုႏွစ္ ရြာၾကီးဘန္းပံု ေက်ာင္းေတာ္လည္း ထပ္မံ မီးေလာင္ျပန္ရာ၊ သာေလးေက်းရြာ အုပ္စု
×နန္းဟူရြာ၌ ေက်ာင္းေတာ္ၾကီးေဆာက္လုပ္ျပီး၊ထာ၀ရေက်ာင္းေတာ္ၾကီးကို ၁၂၅၂-ခုႏွစ္တြက္ တည္
ေဆာက္ျပီးကိုးကြယ္လာၾကသည္။
ထိုေနာက္ ေက်ာင္းေတာ္ၾကီးမွာ ပ်က္စီးယိုယြင္းမွဳ မ်ားျပားလာသျဖင္႔၊ သကၠရာဇ္ ၁၃၁၃ ခုႏွစ္တြင္၊ အ
ထက္ပါ ေက်ာင္းေတာ္ၾကီးကို ဖ်က္သီမ္းလိုက္ပါသည္။
ယခုတည္ရွိေသာ ေက်ာင္းေတာ္ၾကီးကို၊ ၁၃၁၄-ခုႏွစ္တြင္၊ စတင္ အုတ္ျမစ္ခ် ကြန္ကရက္ တိုင္မ်ားကို
တည္ေဆာက္ၾကျပီး၊၁၃၁၇ခုႏွစ္၊ဘုရားေက်ာင္းေတာ္တက္ပြဲကိုက်င္းပ ႏိုင္ခဲ႔ပါသည္။ ၁၃၁၈-ခုႏွစ္တြင္
ေက်ာင္းေတာ္ၾကီး၏ေစတီလံုးထိပ္ထီးေတာ္ ျမတ္ကို ေအာင္ျမင္စြာတပ္ဆင္ျပီးစီးေၾကာင္းတင္ျပအပ္ပါ
သည္။
.......................
မြန်မာ သက္ကရာဇ် ၄၇၃ - ခုနှစ်တွင်၊ ပုဂံနေပြည်တော်ကြီး တွင်၊ ထီးနန်း စိုးစံတော် မူသော နရပတိ
အလောင်း စည်သူ မင်းကြီးသည်၊ မဟာသမုဒြာတွင် ရှိသော ရတနာ အမျိုးမျိုးတို့ကို ကြည့်ရှူ တော်မူ
လို သဖြင့်၊ သင်္ကနက် ဖောင်ယာဉ် စကြာဖြင့် မှူးးမတ်ဗိုလ်ပါတို့ ခြံရံလျက် ထွက်ခွာတော်မူသည်။
မင်းကြီးသည် ဖောင်ယာဉ် စကြာနှင့် ယမထာ ကြီမ်လုံးစကြာကို ပိုင်ဆိုင်သောမင်းမြတ်ဖြစ်ပေသည်၊
ထိုကြောင့် သင်္ကနက်ဖောင်စကြာကို သွားလိုရာအရပ်တွင် (လက်ညိုးညွန်ရာ ရေပြင်ဖြစ်ရလေသည်။)
ဟူသော ဆိုရိုးစကားထင်ရှားလေသည်။
အလောင်းစည်သူ မင်းကြီးသည်တိုင်းခန်း လှည့်လည်တော် မူရင်း၊ မြင့်မိုရ်တောင်သို့ သွားလိုသော
စိတ်ဆန္ဒ ပြင်းပြလာ သဖြင့်၊ မြင့်မိုရ်တောင်သို့ သွားရန် ဆုံးဖြတ် လိုက်သည်။
နတ် သိကြားမင်းနှင့် သူသီတာတို့ ဟန့်တားခြင်း။
တာ၀တိန်သာ နတ်ပြည်ကို အစိုးရသော သိကြားမင်းနှင့် မိဖုရား သူသီတာတို့က၊ လူအို ခင်ပွန်းအ
ရောင်ဖန်ဆင်းပြီး လောင်းလှေငယ်နှင့် စီးနှင်းလှော်ခက်ဟန် ကဲ့သို့လှော်ခက် လာလေသည်။ မင်း
ကြီးမြင်သော အခါ မေးမြန်း ခဲ့သည်မှာ - အကျွှနု်ပ်တို့ ခင်ပွန်းသည် တဆယ့်ငါးနှစ် အရွယ်ကပင်
အီမ်ထောင်ပြုပြီး မြင့်မိုရ်တောင် သို့ ရောက်ချင်သောအား ငါတို့သွားသည်၊ ယခုမူကား မြင့်မိုရ်ငွေ့များ
မတွေ့ရပါ။တို့သာမိုက်လှဖြစ်ပေစွ၊ မတွေ့ပါရ၊ မြေးမောင်လှတို့ မှတ်ရသူအိုစကားတည်း။ ဟုပြောပြီး
အလောင်းစည်သူ မင်းကြီးသည် သူအိုတို့ ပြောသည့်စကားကို မယုံကြည်ဘဲ ဆက်လက်သွားရန်
ဆန္ဒပြင်းပြနေပါသည်၊ ထိုကြောင့် ဖောင်ယာဉ် စကြာနှင့် သူအိုတို့ စီးနှင်းသော လောင်းလှေငယ်တို့
ယှဉ်ပြိုင်ကြရာ၊ သိကြားမင်း ဖန်ဆင်းထားသော လောင်းလှေငယ် က ပိုမိုမြန်ဆန်သောကြောင့်၊မင်း
ကြီးက သွားရန် အစီစဉ်ကို ဖျက်သီမ်း လိုက်လေသည်။
ဇမူသပြေသို့ရောက်တော်မူခြင်း
အလောင်းစည်သူ မင်းကြီးသည် ဇမူ သပြေပင်ရင်းသို့ ဆိုက်ရောက် သောအခါ ဗိုလ်ရှု သဘင် ခံယူ
တော် မူလေ၏၊ ထိုအခါ ဟိမ၀န္တာ တောအရပါမှလာသော လီလူးတယောက်သည် သားငယ်ကိုပိုက်
ဲပြီးမြစ်ကမ်းနားကနေပြီးကြည့်လေသည်။
ထိုသို့ ငိုကျေွှးမည်တမ်းသော အသံကို မင်းကြီး ကြားတော်မူလေသော် ယမထာ ကြီမ်လုံးနှင့် ရေကို
ပုတ်ခက်လိုက်ရာရေစောင့်နတ်ထွက်ပေါ်လာသည်။ ဘီလူးမ၏ သားငယ်ကို ရေစောင့်နတ်က သယ်
ယူပေးပြီး၊ ဘီလူးမက အလွန် ၀မ်းသာလှပေ၏ ထိုအခါ ဘီလူးမက မိမိနေရာ ဟိမ၀န္တာတော အရပ်
သို့ ၀င်ရောက်ပြီး အနံ့မွေးကြိုင်လှသော သရက္ခာန် အစစ်ကို ဖြတ်ယူပြီး လာရောက် ဆက်သလေ
သည်။
ဘုရား ရုပ်ထုတော်မြတ် ငါးဆူ ဆက်သခြင်း။
သိကြားမင်းကြီးသည် ကိုယ်ထင်ရှား ပြသပြီး၊ မင်းကြီးအား ဆိုလေသည်။
-မြတ်သောမင်းကြီး မြင့်မိုရ်တောင်သို့မသွားခြင်းကား ကောင်းလှပါပေ၏ ငါကား သိကြားတည်း မင်း
ကြီး အား သာသနာတော်၏အကျိုးကိုဆောင်ရွက်စေချင်သောကြောင့် ၊မြင့်မိုရ်တောင်သို ့မ သွားဖြစ်
လေအောင် တားမြစ်ခြင်းဖြစ်ပေသည်။ သာသနာတော်တည်သမျှ လူသတ္တဝါအပေါင်းတို့ ကိုးကွယ်စိမ့်
သောဌာ - သင်မင်းကြီးအား၊ ဘုရား ရုပ်ထုတော်မြတ်ကို၊ ငါပေးမည်ဟု ဆိုကာ - မင်းကြီးထံတွင် သ
ရက္ခာန် အသားကို တောင်းယူပြီး ရုပ်ထုတော်မြတ် (၅) ဆူကို ထုလုပ်ပြီး သီသဓါတ်တော်တဆူ၊ သရိ
ယဓါတ်တော်မြတ်် တဆူကို ထည့်သွင်း ဌာပနာလေ၏ သရက္ခန်အစ - သပြေအစ - ဗောဓိအစတို့ကို
စုပေါင်းပြီး စီရင်သောကြောင့် မြတ်ပေါင်း မဉ္ဖူ ဘုရား ဟုခေါ်ေဝါ်ခဲ့လေသည်။။
ထိုဘုရားတွင် သီသမွေတော် (၁) ဆူနှင့် နှလုံးတော် တဆူသွင်း ပြီး ဌာပနာလေ၏ အထက်ဖော်ပြပါ
သရက္ခာန်ရုပ်ထုတော်မြတ် (၅) ဆူနှင့် မြတ်ပေါင်းမဉ္ဖူ (၁) ဆူ၊ ရှင်ဖြူ-ရှင်လှ (၂) ဆူပေါင်း ဘုရားရုပ်
ထုတော်မြတ်(၈)ဆူ ကိုသိကြားမင်းကထုလုပ်ပြီးဆက်သလေ၏
သရက္ခာန်ဘုရား ရုပ်ထုတော် (၄) ဆူ ဌာပနာတိုက် သွင်းခြင်း။
မြန်မာ သက္ကရာဇ် ၄၈၂-ခုနှစ် တွင်၊အလောင်းစည်သူမင်းကြီးသည်တိုင်းခန်းလှည့်လည်မူရာ၊အရှေ့
တောင်ညို တောင်တန်းကြီးတွင် သာသနာတော်မြတ် ငါးထောင်အတွင်း သာသနာတော် ထွန်းကား
သော အရပ်ဒေသဖြစ်လီမ့်မည်။ ထိုတောင်တန်း၏အရှေ့ကား (နောင်)မဟာနာဂရပြည်ကြီးဖြစ်ဖွယ်
ရာရှိပေ၏ ထိုကြောင့်-သရက္ခာန်ရုပ်ထုတော်မြတ်(၅)ဆူကို၊ထိုအရပ်သေဒ၌တည်ဆောက် ဌာပနာ
ပေးရန်သော တာပန်နတ်ကြီးက ဆိုတော်မူလေ၏၊မင်းကြီးကလည်းနတ်ကြီးဆိုသည့်အတိုင်း ရုပ်ထု
တော်မြတ်ကို ပထမ၊ဒုတိယ၊တတိယ၊စတုထၳ၊လေးဆူသော ဘုရားရဟန္တာရုပ်ထုတော်မြတ်ကိုပင့်ယူ
ပြီး ဆင်တော်ပေါ်၌ တင်ကြလေ၏။အဖျားပိုင်း ပဉ္ဖမ ရုပ်ထုတော်ကို၊ ဆင်အတင်မခံသဖြင့် ထိုအရပ်
၌ ပို့ဆောင်ခြင်းမရှိ၊ သရက္ခာန်ရုပ်ထုတော်မြတ် (၄) ဆူနှင့် မြတ်ပေါင်းမဉ္ဖူ တဆူကို ဆင်ပေါ်တင်ပြီး
လွတ်တော် မူလေသည်။ ရုပ်ထုတော်တင်ဆောင်လာသောဆင်များကို၊အရှေ့တောင်ညိုအရပ်၌လှည့်
ပတ်လာရင်း သန်းထောင် အရပ်၊ဖောင်တော်ပေါက်တောင်ခြေရင်းသို့ ရောက်ရှိသည့်အခါဆင်များ
မည်သည့်အရပ်သို့ မထွက် ထွာတော့သဖြင့်၊ထိုအရပ်တွင်ပင်ဌာပနာတိုက်တည်ဆောက်ပြီး၊လိုဏ်ဂူ
သွင်းထားပါသည်။ မြတ်ပေါင်းမဉ္ဖူဘုရားကိုတင်ဆောင် သောဆင်မှာတောင် အရပ်သို့ ထွက်ခွာလာ
ရင်းမင်းကြီးကနန်းတော်သို့ ပြန်လည်ပင့်ဆောင်မည်ဟုဆိုလေသည်။ ထိုအခါ သောဆင်မှာ တောင်
အရပ်ဌာနသို့ထွက်ခွာလာရင်းမင်းကြီးကနန်းတော်သို့ပြန်လည်ပင့်ဆောင်မည်ဟုဆိုလေသည်။
ထိုအခါသောတာပန် နတ်မင်းကြီး ဆက်လက်ပြောကြားခဲ့သည်မှာ - မင်းမြတ် ထိုရတနာ မဉ္ဖူ ဘုရား
ကိုမဟာဂါမရွာ၌သာ အပ်နှံထားရှိရန်၊ မြတ်ပေါင်းမဉ္ဖူ ဘု၇ားကို ထိုမဟာ ကာမရွာတွင် ၊အပ်နှံထား
တာ်မူမှနောင်သောအခါ သရက္ခာန်ရုပ်ထုတော်မြတ်နှင့် တပေါင်းတည်း ရှိလာမည် ဟု သောတာပန်
နတ်ကြီးကဆိုတော်မူလေသည်။
နတ်ကြီးဆိုတော်မူသည့်အတိုင်း မဟာကာမရွာကျောင်း၌၊ဆရာတော်(အရိယဓမ္မရာသီ) ထံအပ်နှံပေး
ပြီးမဟာကာမရွာသူ-ရွာသားများနှင့်အတူ ပွဲလမ်းသဘင်ဆင်ယင်ကျင်းပပြီး၊ရေစက်ချအမျှ-အတမ်းပေး
ေ၀ကြပါသည်။
ဘုရားရုပ်ထုတော်မြတ်(၄)ဆူတွေ့ရှိခြင်း။
သက္ကရာဇ်၇၂၁-ခုနှစ်တွင်၊ညောင်ရွေှမြို့ စော်ဘွားကြီး စီဆိုင်ဖ လက်ထက်တော်အခါ သန်းထောင်အရပ်
တွင်တခုသောနေရာ၌၊ ဘုရားရောင်ခြည်တော်များကွန့်မြူးနေသည်ကိုဖူးမြင်တွေ့ရှိကြသဖြင့်စော်ဘွားကြီး
ထံ သံတော်ဦးတင်ကြလေသည်။
နယ်ရှင်စော်ဘွားက မှူးတော်-မတ်တော်များနှင့်ခြံရံပြီးထွက်တော်မူကာ၊မြက်ခြုံပိတ်ပေါင်းတို့ကို ရှင်းလင်း
ခုတ်ထွင်စေပြီး၊ရှာဖွေကြရာ လှိုဏ်ဂူအတွင်း၌ ဘုရားရုပ်ထုတော်မြတ် (၄)ဆူကိုတွေ့ရှိ ဖူးမြင်တော်မူခဲ့လေ
သည်။
နေရာဌာနပြောင်းရွှေ့ခြင်း။
သက္ကရာဇ်၉၇၇-ခုနှစ်တွင်၊ညောင်ရွေှမြို့၌ ဘွားသားစိုးစံတော်မူသောစော်ဘွားမ(စောင်နန်းဖဲ)လက်ထက်သို့
ရောက်သောအခါ၊ ထိုမြို့တော်ကိုထိပါးတိုက်ခိုက် နှောက်ယှက်ဖန်များသောကြောင့် ၊ဗုဒ္ဒဘာသာ ရှမ်းမြန်မာ
တို့ အထွတ်အထိပ်ဖြစ်သောယင်း၏ရုပ်ထုတော်မြတ်ကို၊စစ်ဘေးစစ်ဒဏ်ရန်အန္တရယ်ကင်းရှင်းရာဖြစ်သော
ညောင်ရွေှမြို့နယ် - ရွေှအင်းတိန် ဘုရားကြီး၏ အရံစောင့် အသီတော်များ နေရာ ရပ်ကွက်၌၊ ကျောင်းတော်
ပြုပြင်ဆောက်လုပ်ပြီးလျှင် ပင့်ယူပို့ဆောင်စေပြီး၊အနော်ရထာမင်း အပ်နှံထားသည့်အတိုင်း၊၁၂ - မှုမင်းရေး
ကိစ္စ ခပ်သိမ်း လွတ်ငြီမ်းချမ်းသာခွင့်ပေးပြီးစောင့်ရှောက်ထိမ်းသီမ်းရေးကိစ္စ ဆောင်ရွက်ဘွယ် အ၀၀တို့ကို
အမိန့်အာဏာများနှင့် အပ်ပြီးလျှင် အထူးစောင့်ရှောက် စေတော်မူလေသည်။
ဒေသစာရီ ကြွချီ တော်မူခြင်း။
ညောင်ရွေှမြို့တော်၌ နှစ်စဉ် သီတင်း သီတင်းကျွှတ် လဆန်း (၇) ရက်နေ့တွင်၊ ကျင်းပသော ရုပ်ထုတော်မြတ်
အပူဇော် ခံပွဲကြီးကို၊ ဆက်လက် ကျင်းပပြုလုပ်ရာ -
သီတင်းကျွှတ်လဆန်း - ၀၆ရက်နေ့ ဟဲယာရွာမသို ့ကြွပြီး တညစံ။ ။ - ၀ရ ။ ညောင်ရွေှမြို့တော်သို့ကြွ တညစံ။ ။ - ၀၈ ။ နန်းသဲသို့ကြွနေ့ဆွမ်းကပ်ပြီးလျှင် ။ - ၀၉ ။ နန်းပန်ရွာသို့ကြွရောက်တညစံ။ ။ - ၁၀ ။ နောင်တောရွာသို့ကြွရောက်တညစံ။ ။ - ၁၁ ။ ရွာကြီးဘန်း ပုံသို့ကြွ တညစံ။ ။
- ၁၂ ။ ဆော်မရွာကျောင်းတော်သို့
အရောက်ကြွတော်မူကာ မြို့ရွာနေလူပြည်သူတို့၏ ရိုသေ၀ပ်လျှိုးရှိခိုးကော်ရော်အပူဇော်ခံ ၆-ဌာန ပွဲသဘင်
ဆင်ယင်ကျင်းပလာခဲ့သည်။
ရုပ်ထုတော်မြတ် (၄)ဆူသာ ဒေသစာရီကြွချီတော်မူခြင်း။
ထိုရုပ်ထုတော်မြတ်(၅)ဆူအနက်ညောင်ရွေှဇော်ဘွားကြီးအပ်နှံထားသော သရက္ခာန်ရုပ်တော်မြတ်(၄)ဆူ
နှင့် သက္ကရာဇ်-၄၈၂ ခုနှစ်အတွင်း၊အင်းတီမ်ဘုရားအသီတော်ဖြစ်သောမဟာဂါမရွာကျောင်းတော်၌၊
နရပတိစည်သူမင်း အပ်နှင်းပေးထားသော မြတ်ပေါင်းမဉ္ဖူဘုရား ရုပ်ထုတော်မြတ်(၁)ဆူ ပေါင်း (၅)ဆူ
ဖြစ်လေသည်။ဒေသစာရီ ကြွချီတော်မူသည့်အပူဇော်ခံပွဲ၌၊(၅)ဆူလုံးပင့်ဆောင်ခဲ့ရာ၊ ညောင်ရွေှမြို့တော်သို့
အကြွ၊လင်းကင်းရွာအရှေ့အင်းလယ်သို့အရောက်၊လေကြီးမိုးကြီး သည်းထန်စွာရွာသွန်းတိုက်ခိိုက်သဖြင့်
ဘုရားလှေတော်နှစ်မြုပ်ပြီး၊ ရုပ်ထုတော်မြတ်(၅)ဆူအနက်(၄)ဆူသာရှာဖွေတွေ့ရှိ ပင်ယူရရှိသည်။ အဆိုပါ
လကျၤာရံ ရဟန္တာတဆူမှာ×ရှာဖွေစုံစမ်းပြီးမရရှိဖြစ်ခဲ့လေသည်။ဒေသစာရီကြွချီိတော်မူသည့်အပြီး၊ကျောင်း
တော်ရောက်တွင် ဂန္ဒကုဋိတိုက်တော်ဖွင့်သောအခါတွင်မှ၊ဦးခေါင်းတော်တွင်မှော်များတင်လျက်ဖူးတွေ့ရ
ကြောင်း၊ထို့နောက်တဖန်ပင့်ယူပြန်လျှင်၊ရှေ့နည်းမသွေမိုးလေသည်းထန်စွာ ရွာသွန်းတိုက်ခက်ပြန်သဖြင့်
ထို ရဟန္တာရုပ်ထုတော်မြတ်တဆူကို၊ညတွင်းချင်းကျောင်းတော်သို့ပင့်ပြန်ပို့ဆောင်သောအခါမှမိုးစင်လေ
ကင်းချမ်းသာခြင်းဖြစ်လေသည်။
(၁၉)ဌာနအပူဇော်ခံပွဲကြွချီတော်မူခြင်း။
မူလ ၆-ဌာနကြွချီတော်မူပြီး ၈-ဌာန ပွဲတော်များကျင်းပလာခဲ့သည့်ပြင်နောက်နောင် အုပ်ချူပ်တော်မူကြ
သောညောင်ရွေှမြို့စော်ဘွားကြီးများ လက်ထက်တော်တွင်၊ အရပ်ရပ်-အရွာရွာတို့မှစေတနာ သဒါ္ဒတရား
တိုးပွား ထက်သန်လာကြသဖြင့်၊မိမိတို့ရပ်ရွာ တွင်နေ့ဆွမ်းကပ်လှူရာနှင့် ညကျိန်းတော်မူရန်ခွင့်ပန်တင်
လျှောက်ကြသည့်အတိုင်း ၊နောက်ထပ် ၁၂-ဌာနအရပ်များသို့ခွင့်ပြုတော်မူခဲ့လေသည်။
ဌာနပေါင်း(၁၉)၊ရက်ပေါင်း(၁၅)ရက်မျှကြွချီတော်မူခဲ့လေသည်.။ နောက်ထပ်ပွဲစားကုန်းဌာန၌နေ့ဆွမ်း
ကပ်ရန်ထပ်မံခွင့်ပြူလိုက်သည်။
သို့သော်၁၃၁၁-ခုနှသ်၊တိုင်းပြည်ြင်ိမ်၀ပ်ပိပြားမှုမရှိသည့်အတွက်၊ဂိုဏ်းသံဃာဆရာတော်များသက်ဆိုင်ရာ
အစိုးရဌာန အကြီးအကဲများနှင့် နန်းဟူးရွာ ဘုရားထိန်း သိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲံ့ လူကြီးများတို့
အားလုံးသဘောတူညီချက် ဆုံးဖြတ်ကြသည့်အတိုင်း ထိုနှစ်တွင်ဒေသစာရီ ကြွချီတော်မူခြင်း မရှိပါ။သက်
ဆိုင်ရာ ဒါယကာ၊ ဒါယိကာမ တို့မိမိဌာနသို့ကြွရောက်သည့်နေ့ကျလျှင် ဖောင်တော်ဦးဘုရားကျောင်းတော်
ကြီးသို့ အရောက်၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ဖရောင်းတိုင်များကိုလာရောက်ဆက်ကပ်လှူဒါန်းကြပါသည်။
ထိုနှစ်တွင် ကျောင်းတော်၌ နေ့စဉ်နှင့် အမျှ လူစည်ကားနှစ်ဟု မှတ်ချက်ချပေမည်။
၁၃၁၂-ခုနှစ်တွင်၊ဒေသစာရီဆက်လက်ကြွချီတော်မူလာရင်း၊၁၃၂၇-ခုနှစ်၊သီတင်းကျွှတ်လဆန်း(၆)ရက်၊
နံနက် (၈) နာရီ အချိန်တွင်၊ ဟဲယာရွာမဌာနမှကျေးစားကုန်းကျောင်းသို့အကြွ မြေနီကုန်းရွာအရှေ့တောင်
ထောင့်သို့အရောက်၊မိုးကြီး လေကြီးသည်းထန်စွာ ရွာသွန်းတိုက်ခက်သဖြင့်၊ကရ၀ိတ်ဖောင်တော်လှေကြိး
မှာတီမ်းမှောက်သွားပါသည်။ ထိုရုပ်ထုတော်မြတ် (၄) ဆူ အနက်ရေအောက်သို့ ၂ဆူကျသွားပြီး ကျန်၂ဆူ
မှာဘုရားလူကြီးများတို့ကပင့်ယူရရှိလိုက်သည်ယရေအောက်၌ကျသောဘုရား၂ဆူမှာ ထိုနံနက်၉နာရီခွဲ အ
ချိန်တွင်ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်လက်ပင့်ဆောင်ကြပါသည်။
(၂၀) ဌာန အပူဇော်ခံပွဲ ကြွချီတော်မူခြင်း။
၁၃၂၈-ခုနှစ်တွင်၊ ဒေသစာရီ ကြွချီတော်မူသည့် ခရီးစဉ်ကိုပြုပြင်ပြီး၊ ကေလာဌာန ၌ ၊ နေ့ဆွမ်းကပ်လှူရန်
ဌာနသစ်တိုးချဲ့ပြီး နှစ်စဉ် နေ့ဆွမ်းကပ်လှူဒါန့်နေသည့် ဇရပ်ကြီးဌာနကို ညကျိန်း၀ပ်ရန်အချိန် ဇယားပြုပြင်
လိုက်ပါသည်။ ထိုနှစ်တွင် တော်သလင်းလကွယ် နေ့ ကျောင်းတော်မှ ထွက်ခွာပြီး သီတင်းကျျွှတ် လပြည့်
ကျော်၂ရက်နေ့တွင်၊ကျောင်းတော်သို့ပြန်လည်ကြွ၀င်တော်မူသည်။
နိမိတ်ထူးခြားချက် တင်ပြခြင်း။
၁၃၂၈-ခုနှစ်၊ တော်သလင်းလကွယ်နေ့ နံနက် ၇ နာရီ အချိန်၊ ကျောင်းတော် ပြာသဒ်ဦး ပလ္လင်တော်မှ စီး
တော်လှေ စံကျောင်း ပြသာဒ် အတွင်းသို့ ပင့်တင်ပြီး ကြွချီတော်မူရာ မိုးလင်းစနေသည် ကြားမှ ညအချိန်
ကဲ့သို့ မှောင်ကျ သွားပါသည် ထို့ ၈ နာရီခွဲအချိန် ကျရောက်မှ အလင်းရောက် ပြန်လည်မြင်တွေ့လာပြီး နေ
စင်္ကြာ၏ အလင်းရောင်ကို တွေ့မြင်ရလေသည်။ ထိုနိမိတ် ထူးခြားချက်ကို လူတိုင်းပင် အ့ံသြ ရလေသည်။
ထိုနှစ်တွင်အင်းလေးဒေသ၌ ဘေးအန္တရယ် အများအပြားတွေ့ရှိရပြီး၊ ၁၃၂၉-ခုနှစ်် ဒေသစာရီကြွချီတော်မူ
ရာနေရာဌာနတိုးမြင့်ခြင်း မပြုလုပ်တော့ ဘဲ နေ့ရက်နှင့် အချိန်ကိုသာပြုပြင်ပေးခဲ့လေသည်။သီတင်းကျွှတ်
လဆန်း၁-ရက်နေ့ကျောင်းတော်မှအင်းတီမ်ဌာနသို့ ကြွရောက်တော်မူပြီး သီတင်းကျွှတ်လပြည့်ကျော် ၃
ရက်နေ့ရေသာဌာန မှကျောင်းတော် သို့ ပြန်လည် ကြွ၀င်တော် မူလေသည်။
ထာ၀ရကျောင်းတော်ရာရွှေ့ပြောင်းခြင်း။
သက္ကရာဇ်၁၁၃၃ ခုနှစ်တွင်၊ရွေှအင်းတီၤမ် ဘုရားကြီး၏ အရှေ့ဘက် မဟာဂါမရွာရှိ ဖောင်တော်ဦးကျောင်း
တော်ကြီးကို မီးသင့်လောင်သဖြင့်၊ ရွာကြီးဘန်းပုံအရပ်တွင်ကျောင်းတော်ဆောက်လုပ်ပြီး၊ ရုပ်ပွားတော်
မြတ် (၅) ဆူကို ရွေပြောင်းပင့်ဆောင်ပြီးလျှင်၊ အသိတော်များက စောင့်ရှောက်ကြလေသည်။ ထို့နောက်
တဖန်၁၂၄၃-ခုနှစ် ရွာကြီးဘန်းပုံ ကျောင်းတော်လည်း ထပ်မံ မီးလောင်ပြန်ရာ၊ သာလေးကျေးရွာ အုပ်စု
×နန်းဟူရွာ၌ ကျောင်းတော်ကြီးဆောက်လုပ်ပြီး၊ထာ၀ရကျောင်းတော်ကြီးကို ၁၂၅၂-ခုနှစ်တွက် တည်
ဆောက်ပြီးကိုးကွယ်လာကြသည်။
ထိုနောက် ကျောင်းတော်ကြီးမှာ ပျက်စီးယိုယွင်းမှု များပြားလာသဖြင့်၊ သက္ကရာဇ် ၁၃၁၃ ခုနှစ်တွင်၊ အ
ထက်ပါ ကျောင်းတော်ကြီးကို ဖျက်သီမ်းလိုက်ပါသည်။
ယခုတည်ရှိသော ကျောင်းတော်ကြီးကို၊ ၁၃၁၄-ခုနှစ်တွင်၊ စတင် အုတ်မြစ်ချ ကွန်ကရက် တိုင်များကို
တည်ဆောက်ကြပြီး၊၁၃၁၇ခုနှစ်၊ဘုရားကျောင်းတော်တက်ပွဲကိုကျင်းပ နိုင်ခဲ့ပါသည်။ ၁၃၁၈-ခုနှစ်တွင်
ကျောင်းတော်ကြီး၏စေတီလုံးထိပ်ထီးတော် မြတ်ကို အောင်မြင်စွာတပ်ဆင်ပြီးစီးကြောင်းတင်ပြအပ်ပါ
သည်။
Credit; ျမန္မာနိုင္ငံမွဘုရားမ်ား သမုိင္းpage
No comments:
Post a Comment