Search This Blog

Tuesday, July 7, 2015

ကွန်ပြူတာ တွင် BSD (Blue Screen of Death) တက်ရခြင်း အကြောင်း ၁၀ ရပ

What does this blue screen mean on my computer?

ခင်ဗျားတို့ ကွန်ပြူတာ သုံးနေရင်း တန်းလန်းနဲ့ ရုတ်တရပ်ကြီး hang သွားပြီး အပြာရောင် နောက်
ခံနဲ့ “Fatal error: the system has become unstable or is busy,” it says. “Enter to return to
Windows or press Control-Alt-Delete to restart your computer. If you do this you will
lose any unsaved information in all open applications.အဲဒီ စာသား မျိုးတွေပေါ်တာကို
window သုံးတဲ့ သူတိုင်းတွေ့ ဖူးမှာ ပါအခု အဲဒီ Blue Screen တက်လာရင် ဘာတွေကိုစစ်ဆေး
ရမယ် အဲဒါထက်အရေးကြီးတာကမဖြစ်အောင်ဘယ်လိုကာကွယ် ရမလဲ ဆိုတာ ပြန်ဝေမျှပါ့မယ်
ကျွန်တော်လဲ ဟိုက နဲနဲ ဖတ် ဒီ ကနဲနဲ ဖတ် လူများ စက်တွေလိုက်ကလိရာက နေ တွေ့ ရတာတွေ
ကို ပြန်ရေးချတဲ့သဘောပါဆရာလုပ်တာမဟုတ်သလို ကျွန်တော် က ဆရာကြီးလဲ မဟုတ်ပါဘူး
အခြေခံထက် နဲနဲ ပဲပိုသိတာပါ ဆိုတာ ၀န်ခံထားပါရစေ
1. Hardware Confilct အပြာရောင်စကရင် တက်ရခြင်း ရဲ့  နံပတ် တစ် အဓိက အကြောင်း
ရင်းခံကတော့ Hardware တွေကြောင့် အဖြစ်များပါတယ်။ ကွန်ပြူတာ မှာ တက်ထားတဲ့ Hardware
တစ်ခု ချင်းစီတိုင်းက တခြား Hardware တွေနဲ့  IRQ(Interrupt Request Channel) ဆို တာနဲ့ 
ဆက်သွယ်ထားပါတယ်။ Hardware တခုစီတိုင်းအတွက် IRQ တစ်ခု ပုံသေ သတ်မှတ်ပေးထား
ပါတယ်။ဥပမာ ပရင်တာ က IRQ 7 အနေ နဲ့ ပုံသေ ရှိပြီး Keyboard ကတော့ IRQ 1 စသဖြင့်ပေါ့
တကယ်လို ခင်ဗျား ရဲ့ ကွန်ပြူတာ မှာ တပ်ဆင်ထားတဲ့ Devices တွေ များနေခဲ့မယ် ဒါမှမဟုတ်
အဲဒီ Devices တွေက Install ကျကျ နန မလုပ်ထားဘူး ဆိုရင် Devices တွေက IRQ တစ်ခု ထဲ
ကို မျှပြီး သုံး တတ်ကြပါတယ်။ အဲဒီလို အခါမျိုး မှာ ခင်ဗျားကလဲ အဲဒီ Devices ၂ ခု လောက်ကို
တစ်ပြိုင်ထဲ သုံးမိမယ်ဆိုရင် Interrupt request တွေ Crach ဖြစ်မှာ ဖြစ်ပါတယ်
ကို့ ကွန်ပြူတာ မှာ Hardware Conflict ရှိမရှိ စစ်ဆေးတဲ့နည်းက တော့
Start-Control Panel-System-Devicemanager ဒါမှမဟုတ် RUN box ထဲမှာ devmgmt.msc
ရိုက်ပြီး run ခိုင်းရင် Device manager ထဲကို ရောက်ပါမယ်။အဲဒီ မှာ ပြဿနာရှိနေတဲ့ Device
ဆိုရင် အ၀ါရောင် exclamation mark လေးနဲ့ ပြတတ်ပါတယ်။ အဲဒါမျိုးပေါ်နေရင်တော့ အဲဒီ
Device နေရာကို right click နှိပ် ပြီး properties မှာ IRQ နံပတ်ကြည့် နိုင်ပါတယ်။ တကယ်လို့ 
IRQ နံပတ် က တခြား Devices တွေနဲ့ တူနေမယ်ဆိုရင် အဲဒီမှာ ပြဿနာပါပဲး)။အဲဒါကို ရှင်းတဲ့
အကောင်းဆုံးနည်းက တော့ devices ကို uninstall လုပ်ပြီး install ပြန်လုပ်တာပါပဲ။Devices ရဲ့ 
Driver ကို ရှာဖို့ က တော့ www.driverguide.com မှာ အဆင်ပြေမယ်လို့ ထင်ပါတယ်။တကယ်
လို့  ပြဿနာ ဖြစ်နေတဲ့ Device ဟာ Sound Card တို့ PCI Modem တို့ ဖြစ်ခဲ့မယ်ဆိုရင် တော့
motherboard ပေါ်မှာ တပ်ထားတဲ့ Slot ကိုပြောင်းပေး ခြင်းဖြင့်လဲ ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့
အဲဒါကတော့ warranty rules တွေနဲ့ ငြိ နိုင်တဲ့ အတွက် စဉ်းစားပြီးမှ လုပ်စေချင်ပါတယ်
2 Bad RAMRAM ( Random- Access Memory) တွေကလဲ Fatal Error (BSD) တက်
စေနိုင်တဲ့အကြောင်းအရင်းထဲမှာ ပါပါတယ်။မမ်မိုရီ ကြောင့်ဖြစ်၇တဲ့အကြောင်းမှာ တော့ chips
မတူ Frequencyမတူ တဲ့ RAM ၂ ချောင်းကို တူတူ တွဲပြီး တတ်ဆင်ထားတာကြောင့် အဖြစ်များ
ပါတယ်။ ဥပမာ 70nsရှိတဲ့ RAm နဲ့  60ns ရှိတဲ့ RAM ကို တူတူ တွဲထားသလို ပေါ့
3. BIOS setting motherboard တိုင်းက သူ့ ရဲ့  chipset range ကို စက်ရုံမှာ ထဲက သတ်
မှတ်ပြီးသားဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် အဲဒီ ဆက်တင် ကို သွားကြည့် ချင်ရင် စက်စစ
တက်ခြင်း မှာ F2 ဒါမှမဟုတ် Delete key နဲ့ ဝင်ကြည့်လို့ ၇ပါတယ် တစ်ချို့  laptop တွေ မှာတော့
F10 နဲ့ ဝင်ရတာတွေ့ ဖူးပါတယ်။BIOS ထဲက ၀င်ပြီး ဆိုရင်တော့ သတိထား ဖို့ လို ပါမယ်။ အကောင်း
ဆုံးနည်းက တော့စာရွက် အလွတ်တရွတ်ကို ယူပြီး အဲဒီက ဆက်တင်တွေ အကုန်လုံးကို ရေးချထား
လိုက်ပါ။ ဒါမှ ကို က တစ်ခုခု ပြောင်းလိုက်လို့  ကွန်ပြူတာ က သုံးလို့ အဆင်မပြေဘူးဆိုရင် ဘာပြန်
ပြောင်းရမလဲ အလွယ်တကူ သိအောင်ပါ။
4. Hard Driveခင်ဗျား ရဲ့ Hard DriveထဲမှာData တွေအလွန်တရာပြည့်ကျပ်နေမယ်ဆိုရင်လဲ
  Freeze Screen တွေဖြစ်ပြီး BSD ပါတက်နိုင်ပါတယ်။ကို့ Hard drive ကို ဖြစ်နိုင်ရင် တပတ်တစ်ခါ
လောက် Defrag လုပ်ချင်း TEMP ဖိုင်တွေ ရှင်းခြင်း internet cookies တွေရှင်းခြင်း ဖြင့်လဲ သန့် 
အောင် ထားရပါမယ်။
5. Fatal OE exceptions and VXD errorsဒီ error ကတော့ Video Card ကြောင့်ဖြစ်တာပါ
အဲဒါမျိးဖြစ်လာခဲ့ရင်တော့Desktop ပေါ်မှာ Right click-Properties or Control panel-Display ကို
သွားပြီး Display setting ကိုချိန်ညှိုကြည့် ပါ
6. Virusesဟုတ်ပါတယ် အကောင် ပါ ကွန်ပြူတာ သုံးတဲ့သူတွေကို အမြဲ ခြိမ်းခြောက်နေတဲ့အကောင်
ပါ တစ်ချို့ Virus တွေက harddrive က boot sector တွေကို ပါဖျက် ပစ်တတ်ပါတယ် အဲဒီလို အဖြစ်ခံ
၇ပြီးတဲ့နောက်မှာ OS က တက်မလို နဲ့ BSD ပေါ်တာတွေ တွေ့ ဖူးကြမှာ ပါ။ကာကွယ် ဖို့ နည်း ကတော့
း)အဟဲ အန်တီဗိုင်းရပ်စ် ကောင်းကောင်းသာ ရှာထည့်ထားပေါ့ဗျား)
7. Printersပရင်တာတွေမှာ က Buffer memory ပါတယ် ဆိုပေမဲ့  နဲတာတွေလဲရှိတယ်လေ
တကယ် လို့  အစုလိုက် အပြုံ လိုက် ပရင့် ထုတ်တော့မယ်ဆိုရင်တော့ CPU power ကိုပါစားနိုင်ပါ
တယ်။ပရင်တာကနေတစ်ဆင့် ပုံမှန်မဟုတ်တဲ့  character တွေ ပရင့်တော့ မယ်ဆိုရင်လဲ BSD
တက်နိုင်ပါတယ်။ အဲဒါမျိုးကြ ရင် တော့ printer cable တွေကို ခဏဖြုတ် printer ကို default
setting ထားပြီး reboot လုပ်ခြင်းနဲ့ ဖြေရှင်းနိုင်ပါတယ်။
8. Softwareစနစ်တကျ install မလုပ်ထား တဲ့ software တွေက နေ လဲ BSD ဖြစ်နိုင်ပြီး
System Crash ဖြစ်တတ်ပါတယ်။ အဲဒီပြဿ နာကိုရှင်းဖို့ ကတော့ REGCLEANER လို software
မျိုး နဲ့ registry file တွေကို default လုပ်ခြင်း repair လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်
9. Over Heatingခင်ဗျား ရဲ့ ကွန်ပြူတာ က Cooling System မှန်ကန် စွာမတပ်ထားဘူးဆိုရင်
ဒါမှမဟုတ် mother board ထဲမှာ ဖုန်တွေတက်နေတယ်ဆိုရင်လဲ CPU မှ Overheated ဖြစ်ပြီး
System Crash ဖြစ်တတ်ပါတယ်။ ဒီ အဆင့်ကတော့ CPU ကိုဖြုတ်ပြီး သန့် စင်ရမှာ ဖြစ်တဲ့အတွက်
ကို့ ကို ကို စိတ်မချရင် တော့ ကျွမ်းကျင်သူ တစ်ယောက်လက်ထဲ ကို သာ အပ်လိုက်တာ အဆင်ပို
ပြေမှာ ပါ
10. Power supply Problemsကို့ ရဲ့ စက်မှာ တပ်ထားတဲ့ Hardware တွေရဲ့ power requirement
နဲ့ ကို့ စက်မှာ ရှိတဲ့ power supply ရဲ့  support လုပ်နိုင်တဲ့ အား မတူညီခဲ့၇င် လဲ System Crash
ဖြစ်တတ်ပါတယ်
အသေးစိတ်ကို သွားရောက် လေ့လာ ရန် http://en.wikipedia.org/wiki/Blue_Screen_of_Death

Credit = Yan Naing Oo

No comments:

Post a Comment