Search This Blog

Tuesday, July 7, 2015

မိမိ website အားကာကွယ်ခြင်း.


Website Security Testing အကြောင်း သိကောင်းစရာ 
File နှင့် Database များအတွက် အော်တို backup အား အနည်းဆုံး သီးသန့်နေရာတစ်ခုတွင် backup ပြုလုပ်ရန်။ မည်သို့ပြန်လည် restore လုပ်နည်းကိုလည်းသေချာသိရန်လိုအပ်ပါသည်။
မိမိ website အားမည်သည့်နိုင်ငံများမှ လာဖတ်သည်ကိုအမြဲလေ့လာထားရန်လိုအပ်ပါသည်။ Geolocation databases များအားအသုံးပြု၍ မည်သည့် IP address သည်မည်သည့်နိုင်ငံမှ လာသည်ကိုသိနိုင်ပါသည်။ အကယ်၍ နိုင်ငံတခုခုမှ traffic သိသိသာသာကျဆင်းသွားပါက ထိုနိုင်ငံတွင် မိမိ website အား ဆင်ဆာဖြတ်တောက်ထားသည်ဟု ယူဆနိုင်ပါသည်။ နိုင်ငံဒေသအလိုက် website များဖြတ်တောက်ခြင်းအား စာရင်းပြုစုထားသော Herdict (https://www.herdict.org/web) ကဲ့သို့သော site များတွင် မိမိ site အကြောင်း ပြန်လည်ဝေမျှနိုင်ပါသည်။
CMS (Content Management System) ကိုသုံးထားပါက လုံခြုံရေးကိုအထူးသတိပြုပါ။ အမြဲတမ်း update ပြုလုပ်ခြင်းဖြင့် လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို ပြင်ဆင်ပါ။ plenty
မိမိအသုံးပြုသော web server software များ၏ လုံခြုံရေးပိုင်းဆိုင်ရာများအားအထူးကျပ်မတ်ထားပါ။ ( Linux Web servers များ၏လုံခြုံရေးနှင့်ပတ်သတ်သော အချက်အလက်များအား အင်တာနက်တွင် အများအပြားရှာဖွေဖတ်ရှု နိုင်ပါသည်။
ဒိုမိန်းနှင့် hosting provider ကိုခွဲခြား၍ထားပါ။ အကယ်၍ မိမိ hosting ကိုတိုက်ခိုက်ခံရပါက နောက်ထပ် hosting အသစ်အား ဒိုမိန်းကို ပြန်ညွှန်းဖို့လွယ်ကူစေပါသည်။
Mirror server (ပုံတူ ဆာဗာ) တခုအား အရံကြိုတင်ပြင်ဆင်ထားနိုင်ပါသည်။ အကြောင်းတစုံတရာဖြစ်ခဲ့ပါက အလွယ်တကူ ပြောင်းနိုင်ပါသည်။ DNS များအား mirror server ကိုညွှန်ပုံညွှန်နည်း လေ့လာထားရန် လိုအပ်ပါသည်။
Website အား website ပါအကြောင်းအရာ သည် ဥပဒေအရ ငြိစွန်းမှုမရှိသော၊ အငြင်းပွားဖွယ်ရာမရှိသော  နိုင်ငံမျိုးမှာ hosting လုပ်သင့်ပါသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းအားဖြင့် website လာရောက်သူများအတွက် website တတ်ချိန် အနည်းငယ် (မီလီစက္ကန့်အနည်းငယ်မျှသာ) ကြာနိုင်သော်လည်း မိမိ site အား အကြောင်းအရာ အရ အငြင်းပွားဖွယ် ငြိစွန်းဖွယ်ရှိသော နိုင်ငံများတွင် hosting ထားခြင်းထက် ပြဿနာများစွာ လျှော့နည်းစေပါသည်။
မိမိ website ဝင်ရောက်သူများ  အသုံးပြုနိုင်လောက်သော အင်တာက်ဆင်ဆာကျော်လွှားခြင်း tools များဖြင့် အမျိုးမျိုးစမ်းသပ်ကြည့်ပါ။ page တွေ features တွေပျက်မပျက် ၊ ပျက်ပါက ပြင်ဆင်ပါရန်။ Website အား Javascript, plugins များမပါပဲ အလုပ်လုပ်စေရန် ပြင်ဆင်ထားပါ။ Proxy ဖြင့်ဝင်ရောက်ရသူများအဖို့ ၄င်းတို့သည် ကောင်းစွာအလုပ်မလုပ်ပါ။
Files များအား FTP အသုံးပြု၍ upload လုပ်ခြင်းအားရှောင်ပါ။ FTP အသုံးပြုခြင်းအားဖြင့် မိမိတို့ password များ အင်တာနက်ပေါ်တွင် လုံခြုံမှုမရှိ (unencrypted) သောကြောင့် မသမာသူများ မှ အချက်အလက်များကို ခိုးယူနိုင်ပါသည်။၎င်းအစား SFTP (File Transfer Protocol over SSH)၊  SCP သို့မဟုတ် secure WebDAV (over HTTPS) ကိုသုံးပါ။
Website ၏ နောက်ဘက် (back-end) ကိုဝင်ရာတွင် သမရိုးကျ မဟုတ်သော ports များကို အသုံးပြုပါ။ Hackers များသည် လူအသုံးများသော ports များကို အော်တို scan ဖတ်ကြည့်ခြင်းဖြင့် ဟာကွက်များကို ရှာဖွေတတ်ပါသည်။ ထို့ကြောင့် ports များအား သမရိုးကျမဟုတ်သော values (ဥပမာ SSH ) ဖြင့်အသုံးပြုပြီး တိုက်ခိုက်မှုများအား ကာကွယ်နိုင်ပါသည်။
DenyHosts ကဲ့သို့သော စနစ်များအား မိမိ ဆာဗာတွင် အသုံးပြုခြင်းအားဖြင့် brute-force attacks ဟုခေါ်သော အကြိမ်ရေတွက်များစွာ ဝင်ရောက်တိုက်ခိုက်မှုများအား ကာကွယ်နိုင်ပါသည်။ DenyHost သည် မိမိဆာဗာအား blacklist လုပ်ထားသော IP များမှာ ဝင်ရောက်ရန်ကြိုးစားခြင်းကို ကန့်သတ်ပေးနိုင်ပါသည်။
မူးရင်လင့် www.en.flossmanuals.net and www.security-audit.com
ဆရာရန်​​နောင်​ဦး ထံမှ ကူယူပါသည်​။

No comments:

Post a Comment