(For Beginner Level).
Windows OS (Operating System) နဲ့ ပတ်သက်ပြီး သိသင့်သမျှလေးတွေ တွေးမိသလောက်လေး ပြန်လည်မျှဝေပါတယ်။ မမိုးရေးတာ computer နဲ့ ပတ်သက်ပြီး စပြီးလေ့လာမယ့်သူများ၊ အခြေခံအားနည်းပြီး လေ့လာချင်သူများကိုသာ ရည်ရွယ်မျှဝေပါသည်။
ပထမဆုံး computer ကို စဖွင့်လိုက်ရင် My Computer/ Computer ကို အရင်ဖွင့်ပါ။ Shortcut key ကတော့ window key + e ပါ။ ဒီမှာ Local Disc (C:), Local Disc (D:), DVD R/W စသဖြင့် ပါရှိပါတယ်။ ဒီမှာ မမိုး နည်းနည်းရှင်းပြပါ့မယ်။ စက်တိုင်း ဒီလိုမပါနိုင်ပါဘူး။ ဒီထက်ပိုပြီးလဲ ပါနိုင်ပါတယ်။ windows တင်သူပေါ် မူတည်ပြီး Drive Letter တွေ များနိုင် နည်းနိုင်ပါတယ်။ ဒါပေမယ့် မမိုး အကြမ်းမျဉ်း ခြုံပြီး ရှင်းပြပါ့မယ်။ Local Disc (C:) နဲ့ (D:)ကတော့ ကိုယ့် computer ရဲ့ HardDisk အပိုင်းဖြစ်ပြီး DVD R/W ကတော့ DVD Writer ပါ။ Local Disc (C:)မှာ Windows နှင့် Applications တွေကို တင်ပါတယ်။ Local Disc (D:) မှာတော့ မိမိအရေးကြီး Data တွေကို သိမ်းရန် ဖြစ်ပါတယ်။ ဒီနေရာမှာ Data သိမ်းတဲ့ နေရာ တချို့ ရှိပါသေးတယ်၊ Desktop, Document ပါ။ လူအများစုက မိမိရဲ့ Data တွေကို Desktop မှာ အလွယ်တကူ သိမ်းတတ်ကြပါတယ်။ တချို့က Document မှာ သိမ်းကြပါတယ်။ သိမ်းလို့ မရဘူးလားဆိုတော့ သိမ်းလို့ရပါတယ်၊ ဒါပေမယ့် အားနည်းချက် တစ်ချို့ရှိပါတယ်။ မတော်တဆ Virus ကြောင့်ဖြစ်စေ၊ မိမိ၏ မှားယွင်းမှုကြောင့် windows file တွေကို ဖျက်ပစ်ခဲ့သည်ဖြစ်စေ Windows လုံးဝ မတက်တော့တဲ့ အခြေအနေမှာ ရောက်သွားနိုင်ပါတယ်။ Windows လုံးဝ မတက်နိုင်တော့ရင် windows ပြန်တင်မှာ ဖြစ်တဲ့အတွက် Local Disc (C:)ကို ဖျက်ပစ်ရပါတယ်၊ ဒါဆို Local Disc (C:) ကို ဖျက်ပစ်တဲ့အတွက် Windows, Applications, Driver, Data from Desktop and Documents အားလုံး ပျက်သွားမယ်ဆိုတာလေး မှတ်ထားပေးပါ။ Desktop နှင့် Documents ၂ပိုင်းလုံးဟာ Local Disc(C:) မှာ ရှိတာကြောင့်ပါ။ techinician တစ်ယောက်အနေနဲ့ဆို Windows Bootable CD နဲ့ windows ဖန်တီးပြီး data ပြန်ဆည်လို့ ရပေမယ့်(ဒါတောင် Windows live CD နဲ့တောင် မတက်နိုင်ရင်တော့ ရှုံးပါပြီ) သာမာန် user အနေနဲ့ဆို ပြန်မရနိုင်တော့ပါဘူး။ ဒါကြောင့် မိမိရဲ့ အရေးကြီးတဲ့ Data တွေကို Local Disc (D:) မှာသာ တင်ဖို့ မမိုး အကြံပြုချင်ပါတယ်။ Data တွေသိမ်းရင်လဲ Folder အလိုက် သိမ်းသင့်ပါတယ်။ HardDisk ထဲ ပွနေအောင် မသိမ်းသင့်ပါဘူး။ Folder လေးတွေ တည်ဆောက်ပြီး သိမ်းသင့်ပါတယ်။
Folder တည်ဆောက်နည်းကတော့ Folder တည်ဆောက်မည့် နေရာတွင် right click နှိပ်ပြီး New >> Folder ကို ရွေးရုံပါ။ Shortcut key ကတော့ Shift + Ctrl + N ပါ။ windows xp မှာတော့ ဒီ shortcut နဲ့ မရပါ။ ပြီးရင် Folder ကို select (Click နှိပ်)ပေးပြီး F2 ကို နှိပ်ပါ။ မိမိနှစ်သက်ရာ အမည်ကို ရိုက်ပါ၊ ဥပမာ My Photos, My Vedio, Microsoft Office Word စသဖြင့် သက်ဆိုင်ရာ file အလိုက် ပေးပါ။ ဒါဆို ကိုယ့်ရဲ့ Data တွေကို စနတစ်ကျနဲ့ လုံခြုံစွာ သိမ်းထားနိုင်ပါပြီ၊ Windows ကျလို့ Data ဆုံးရှုံးမှာ ပူပန်စရာ မလိုတော့ပါ။
နည်းပညာများကို မည်သူမဆို၊ မည်သည့်နေရာသို့မဆို ပြန်လည်မျှဝေနိုင်ပါတယ်။
credit = Moe Sabal and
မိုး (နည်းပညာများ)
www.moepcservice.blogspot.com
www.moeitbookstore.blogspot.com
MOE Computer Sale, Service & Training
Search This Blog
Tuesday, July 7, 2015
Data များ ဆုံးရှုံးမှု မရှိစေရန် စနစ်တကျ သိမ်းဆည်းနည်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment