Search This Blog

Friday, July 17, 2015

ရှင်ပင်သာလျောင်း (ခ) ရွေှသာလျောင်းရုပ်ပွားတော်မြတ်ကြီး. ရှင်ပင်သာလျောင်း (ခ) ရွေှသာလျောင်းရုပ်ပွားတော်မြတ်ကြီး

မြန်မာနိုင်ငံမှဘုရားများ သမိုင်း wrote a new note:
****************************************
 
ရွေှသာလျောင်းရုပ်ပွားတော်မြတ်သည် အလျားပေ ၁၈၀၊တတောင်ဆစ်မှ ဦးခေါင်းတော်အထိ ဉာဏ်တော် ၅၂ပေ၊မျက်နှာတော် ၂၂ပေ၊နားတော် ၁၅ပေ ရှိသည်။၎င်းသည် ပဲခူးမြို့ ကလျာဏီရပ်ကွက်တွင် စံပယ်တော်မူလျက်ရှိပြီး၊ မွန်အမျိုးသမီး ဒလထော်က သက္ကရာဇ် ၃၅၆တွင် တည်ထားကိုးကွယ်ခဲ့သည်။
ဟံသာ၀တီမင်း(၁၃)ဆက်မြောက်ဖြစ်သော မိဂါဒိပ္ပမင်းငယ်သည် မိစၧာအယူဝါဒကို လွဲမှားစွာကိုးကွယ်ခဲ့၏။တနေ့တွင် မင်းကြီးကသားတော်မင်းသားအား ယဇ်ပူဇော်ရန် တောကစားထွက်စေခဲ့သည်။မင်းသားသည် တောကစားထွက်ရာလမ်းခရီး တောစပ်အနီး၌ ဗုဒ္ဓဘာသာကိုးကွယ်သော မွန်အမျိုးသမီး ဒလထော်နှင့် တွေ့ဆုံမေတ္တာမျှခဲ့သည်။ထို့နောက် သားတော်မင်းသားက ဒလထော်အား ဗုဒ္ဓဘာသာကိုးကွယ်ပါမည်ဟု ကတိပြုကာ၊သိမ်းပိုက်တော်မူပြီးနောက် နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။နန်းတော်သို့ရောက်ပြီးနောက် ဒလထော်သည် မိစၧာရုပ်ကိုမကိုးကွယ်ဘဲ၊မိမိအဆောင်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ထားရှိကိုးကွယ်ခဲ့သည်။
ဒိဋ္ဌိလွှမ်းမိုးသော မှူးမတ်တို့၏ ဂုံးချောမှုကြောင့် ဘုရင်ကြီးသည် မင်းသား၊ဒလထော်နှင့်တကွ အပေါင်းပါတို့အား ကွပ်မျက်ယဇ်ပူဇော်ရန် အမိန့်ချမှတ်ခဲ့သည်။
ယဇ်ပူဇော်ပွဲကြီး၌ ဒလထော်မင်းသမီးသည် ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာမြတ်သုံးပါးကို ဦးထိပ်ထားပြီး သစ္စာဆိုလိုက်ရာ နတ်ရုပ်ကြီးသည် အပိုင်းပိုင်းပြတ်ကျသွားလေသည်။
ထိုအခါမှ မိဂါဒိပ္ပမင်းကြီးသည် အယူမှားသည့်ဒုက္ခမှ ကင်းေ၀းပယ်ပျောက်မှုကြောင့် အမြင်မှန်ရရှိပြီးသကာလ၊သားတော်နှင့်ချေွးမတော်တို့အား ကွပ်မျက်ခြင်းမှကင်းလွတ်စေသည်။
ဒလထော်သည် ယဇ်ပူဇော်ကိုးကွယ်လျက်ရှိသော ယောက္ခမတော် ဟံသာ၀တီမင်း မိဂါဒိပ္ပအား ဗုဒ္ဓမြတ်စွာ၏ တရားစစ် တရားမှန်များကို ဟောကြားအောင်မြင်သည့် အထိမ်းအမှတ်အဖြစ် ရွေှသာလျောင်းရုပ်ပွားတော်မြတ်ကြီးကို တည်ထားခဲ့ခြင်းဖြစ်သည်။
ဘုရင့်နောင်မင်းတရားလက်ထက်တွင် ပျက်စီးနေသောရုပ်ပွားတော်ကိုဖျက်၍ အတောင်(၁၂၀)ရှိသော ရုပ်ပွားတော်မြတ်ကြီးကို ပြန်လည်ပြုပြင်ပြီး ဓာတ်တော်နှင့်တကွ ဘုရားဆင်းတုတော်များကို ဋ္ဌာပနာခဲ့ပြန်သည်။
နှစ်ကာလကြာမြင့်သည်နှင့်အမျှ ရွေှသာလျောင်းရုပ်ပွားတော်မြတ်ကြီးသည် ခြုံနွယ်တို့ဖုံး၍ တောင်ကုန်းသဖွယ် သီတင်းသုံးနေတော်မူခဲ့ရသည်။သက္ကရာဇ်(၁၂၄၂)ခုနှစ်တွင် ရန်ကုန်-ပဲခူးမီးရထားလမ်းဖောက်ရန် အုတ်ဖုတ်သည့်အခါ ရုပ်ပွားတော်မြတ်ပေါ်တော်မူခဲ့သဖြင့် ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူ ပြည်သူများက ရှေးမူမပျက် ပြန်လည် မွမ်းမံတည်ထားခဲ့သဖြင့် ယနေ့တိုင်အောင် ကြည်ညိုဖွယ်ရာ ဖူးမြင်နေကြရပါသည်။
 

No comments:

Post a Comment