Search This Blog

Tuesday, July 7, 2015

Unicode နဲ့ ပတ်သက်သမျှ ဗဟုသုတ


ကျနော်သိတဲ့ Unicode အကြောင်း
ကျနော် STC ကသူငယ်ချင်းတွေနဲ့ Unicode အကြောင်းဆွေးနွေးချင်ပါတယ် နည်းပညာကျောင်းသားတွေအနေနဲ့သိသင့်တယ်ထင်လို့ လေ့လာတင်ပြခြင်းဖြစ်ပါတယ်
ဝှက်စာဖွက်ခြင်း (Character Encoding)
အခြေခံအကျဆုံးသော ဝှက်စာဖွက်ခြင်းစနစ်ကတော့ASCII (American Standard Code for Information Interchange) ပါASCII Code တွင်အခြေခံမူလကုဒ် အင်္ဂလိပ်အက္ခရာ ၂၆လုံးနဲ့ ကိန်းဂဏန်း၁၀လုံးသာပါပါတယ် နောက်ပိုင်းကာလတွေမှာတော့အက္ခရာ အကြီးအသေး ခွဲခြားသတ်မှတ်ခြင်း နှင့် ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများသင်္ချာဆိုင်ရာသင်္ကေတများ ငွေကြေးသင်္ကေတများအထူးသင်္ကေတများ ပုံနှိပ်ခြင်းမပြုနိုင်သောအက္ခရာများ(eg. Space, Delete, Ctrl, Shift, Alt, etc) ကိုထပ်မံထည့်သွင်းခဲ့ပါတယ်ဒါကြောင့် ပုံနှိပ်နိုင်တဲ့အက္ခရာ ၉၄လုံး နဲ့ ပုံမနှိပ်နိုင်တဲ့အက္ခရာ ၃၃လုံးတို့ဖြင့်ASCII စနှစ်တွင် ၁၂၇လုံးသို့ရောက်ရှိခဲ့ပါတယ်Space Key ကိုမမြင်နိုင်သောရုပ်ပုံဖော်ပြချက်တစ်ခုအဖြစ်သတ်မှတ်ခဲ့တာကြောင့်ထည့်သွင်းရေတွက်ခြင်းမပြုပါ
Unicode ဆိုတာဘာလဲ?
Unicode ဆိုတာနိုင်ငံတကာဘာသာစကားမျိုးစုံ အက္ခရာဝှက်စာဖွဲ့ခြင်းနည်းစနစ်ပါပဲUnicode စနစ်တွင်အက္ခရာကိန်းဂဏန်းများကိုနေရာပေးရန်Code Space 00000 မှ 10FFFF အထိသတ်မှတ်ပေးထားပါတယ် ASCII မှတော့ 0000 မှ 1111 ထိပဲသတ်မှတ်ပေးထားပါတယ်Unicode စနစ်ဟာတကမ္ဘာလုံးရှိလူမျိုးတိုင်း ကျယ်ပြန့်စွာပါဝင်အသုံးပြုနိုင်ကြောင်းကိုပြသနိုင်ခဲ့ပါတယ် ထို့အပြင် ကမ္ဘာပေါရှိဘာသာစကားတိုင်း၏ အက္ခရာတိုင်းတို့အား နည်းစနစ်တစ်ခုတည်းအောက်ရှိတိကျသောကိုယ်ပိုင်နေရာပေးမှုနှင့်ကိန်းဂဏန်းတန်ဖိုး သတ်မှတ်ပေးမှုကိုသာအသုံးပြုသဖြင့် ဘာသာစကားတစ်ခုမှအခြားတစ်ခုသို့ လွယ်ကူစွာဘာသာပြန်နိုင်ပါတယ်
မြန်မာ Unicode သမိုင်း
၁၉၇၉ ခုနှစ် တက္ကသိုလ်များဗဟို ကွန်ပျူတာဌာန (ရန်ကုန်) တွင် ICL 1902s Mainframeကွန်ပျူတာတစ်လုံးပထမဆုံး ရောက်ရှိခဲ့သည်ထို့နောက် ဗြိတိန်နိုင်ငံသား မြန်မာစာ ပါမောက္ခ ဂျွန် အိုကီးလ် ၏ ကြီးကြပ်မှုဖြင့် ပထမဆုံးမြန်မာစာ ကွန်ပျူတာစာလုံးကို Machintosh ကွန်ပျူတာအတွက်တီထွင်နိုင်ခဲ့ပါတယ် Window စနစ်အတွက် ပထမဆုံး မြန်မာစာလုံးပုံစုံကိုMCC ၏ ပရိုဂရမ်မာများဖြစ်ကြသော ဦးဇော်ထွဋ် နှင့် ဦးသက်ကိုကိုတိုကဖန်တီးခဲ့ပြီး မတ်လ ၁၃ ရက်၊၁၉၉၂ခုနှစ် မှာဖြန့်ချီနိုင်ခဲ့ပါတယ်ထို့နောက် Window နှင့် Apple အတွက်မြန်မာစာလုံးပုံစံများကို မြန်မာပြည်ရှိမြို့ကြီးများနာမည်ဖြင့်သတ်မှတ်ခဲ့ကြပါတယ် သို့သော် မြန်မာစာလုံး (Font) များသည်ကွန်ပျူတာ၏ မူလပါသော ASCII Code အခြေပြု အင်္ဂလိပ်အက္ခရာများကိုမြန်မာအက္ခရာပုံသဏ္ဍာန်များပြောင်းလဲအသုံးပြုခြင်းသာဖြစ်ပါတယ် ထို့ကြောင့်အမှန်တကယ်ဘာသာစကားတစ်ခုတွင် ပါရှိလုပ်ဆောင်ရမည့် စာလုံးပေါင်းသတ်ပုံစစ်ဆေးခြင်း၊ စကားစုများအလိုအလျောက် ခွဲခြားပေးခြင်း၊ပြန်လည်ရှာဖွေခြင်း၊ ပေါင်း၊ နှုတ်၊ မြှောက်စားခြင်း စသည်တို့အပါအဝင်ကွန်ပျူတာ Data Baseတွင်မှတ်တမ်းတင် သိမ်းဆည်းခြင်းများ အတွက်တို့ကို မြန်မာဘာသာဖြင့်လုပ်ဆောင်နိုင်ခြင်းမရှိတော့ပေ။ သို့အတွက် Universal ASCII Code ဟုတင်စားခေါ်ဆိုကြသည့် Unicode အတွင်းသို့ မြန်မာဘာသာကို ကိုယ်ပိုင် ကုဒ်ပွိုင့်များဖြင့်ထည့်သွင်းနေရာပေး အသုံးပြုနိုင်ရေးကြိုးပမ်းခဲ့ပြီး ၁၉၉၈ ခုနှစ်တွင်Unicode အဖွဲ့ကြီးမှ မြန်မာဘာသာနှင့် ဆက်စပ် တိုင်းရင်းသားဘာသာများ၏အက္ခရာစာလုံးများအတွက် ကုဒ်ပွိုင့် U+1000 မှ U+109F အထိ ကုဒ်ပွိုင့်ပေါင်း၁၆၀ ဖြင့်နေရာသတ်မှတ်ပေးခဲ့ပါတယ်၂၀၀၂ ခုနှစ်တွင် မြစေတီ Unicode ကိုဦးငွေထွန်း ကအောင်မြင်စွာ Develop လုပ်နိုင်ခဲ့သည် ယင်းမြစေတီUnicode ကို http://etrademyanmar.com တွင်ပထမဆုံးအသုံးပြုခဲ့သည် ယနေ့အချိန်အထိ Web လောကမှာတွင်ကျယ်စွာအသုံးပြုနိုင်ခြင်းမရှိသေးပါ အကြောင်းအမျိုးမျိုးရှိမည်ဟုထင်ပါသည်၂၀၀၅ ခုနှစ်တွင် ဇော်ဂျီ-၁ ကို ပညာရှင်ငါးဦးပါဝင်သော ဇော်ဂျီအဖွဲ့နှင့် Alpha Mandalay အဖွဲ့တို့ပူးပေါင်းကာ Unicode 4.0 ပေါ်တွင်အခြေခံကာအခမဲ့စတင်ထုတ်ဝေခဲ့ပါတယ်ကိုယ်ပိုင်ကီဘုတ်ဆော့ဝဲလ် ကိုအသုံးပြုထားခြင်း အသုံးပြုသူများအကြားတွင်ထိထိရောက်ရောက်လွယ်လင့်တကူ အသုံးချနိုင်ခြင်းတို့ကြောင့် ဇော်ဂျီမြန်မာယူနီကုဒ် သည်၂၀၀၇ ခုနှစ်တွင် MCPA (Myanmar Computer Professional Association) Excellent Awardဆုကိုရရှိသည်အထိအောင်မြင်ခဲ့ပါတယ်ဇော်ဂျီယူနီကုဒ်ကို ၂၀၀၈ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင်နောက်ဆုံးမွန်းမံထုတ်လုပ်ခဲ့ပါတယ် သို့တော် Unicode 5.1.0 ၏ စံသတ်မှတ်ချက်များကိုလိုက်နာရန်ပျက်ကွက်ခဲ့ပါတယ်Unicode အဖွဲ့အစည်းမှ မြန်မာ အက္ခရာနှင့် တိုင်းရင်းသား အက္ခရာများအတွက် ကုဒ်ပွိုင့်နေရာသတ်မှတ်ချက်များကို မိမိလိုအပ်သလို အသုံးပြုထားခဲ့သည် ယခုလက်ရှိအနေအထားတွင်မူဇော်ဂျီသည် မြန်မာ ဘလော်ဂါများနှင့် အဓိကသတင်း ဝဘ်ဆိုဒ်ကြီးများကိုယ်တိုင်အလေးထားသုံးစွဲနေမှုတို့ကြောင့် မြန်မာတို့၏ ဝဘ်လောကတွင်လတ်တလောအနေဖြင့်အလွန်အဆင်ပြေနေခြင်းမှာ အငြင်းပွားဖွယ်ရာမရှိပါသို့သော်အမှန်တကယ် အပြည်ပြည်ဆိုင်ရာစံနှုန်းသတ်မှတ်ချက်များ အတိုင်းလိုက်နာထားသောSoftware များ၊ OS များ၊ Web Development, Lexicon နှင့် Machine Translationလုပ်ငန်းများတွင်အသုံးပြုရန်အတွက်ကားမဖြစ်နိုင်တော့ချေလက်ရှိအသုံးပြုနေသော Blog များ သတင်းဆိုဒ်ကြီးများ တစ်ကိုယ်ရေအသုံးပြုသူများအနေဖြင့် မိမိ၏လတ်တလော အဆင်ပြေမှုကို ကျော်လွန်ပြီးဇော်ဂျီ၏ အာမခံနိုင်မှု အဆင့်အတန်းအား အနာဂတ်ကာလအထိစဉ်းစားရန်မှာ လွန်စွာမှပြုလုပ်သင့်သောအချက်တခုဖြစ်ပါသည်။ဥပမာ ပြောရလျင် Google Translate စာမျက်နှာသုံးပြီးယူနီကုဒ်စံသတ်မှတ်ချက်အတိုင်း အသုံးပြုထားသော ဝဘ်စာမျက်နှာအား တစ်ဘာသာမှ တစ်ဘာသာသို့ လွယ်ကူစွာပြောင်းလဲကြည့်ရှုနိုင်ပါတယ်
Myanmar1,2,3
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ကြီးကြပ်မှုဖြင့် မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့(Myanmar Unicode and National Language Processing Reserarch Centef_ MyanmarNLP)အား ၂၀၀၂ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပါသည်။ MyanmarNLP အဖွဲ့မှMyanmar1, Myanmar2 နှင့် Myanmar3 Unicode Font များကိုအခမဲ့သုံးစွဲရန်အတွက်အဆင့်ဆင့်တီထွင်နိုင်ခဲ့ပြီး နောက်ဆုံးထုတ် Unicode Version မှာ Myanmar3 ဖြစ်သည်။ Myanmar3 Fontအားနိုင်ငံတကာစံပြုအဖွဲ့အစည်း ISO ၏ စံနှုန်းအတိုင်းထုတ်လုပ်ခဲ့ပြီး Microsoft WindowApple နှင့် Linux များတွင်ပါအသုံးပြုနိုင်ပါသည် Myanmar3 Font သည် Unicode 5.1.0နှင့်ကိုက်ညီအောင်ပြုပြင်ထားသည်ဟုသိရပြီး အမျိုးသားစီမံကိန်းအဖွဲ့တစ်ခုမှ ထုတ်ဝေသောအခမဲ့ဗားရှင်းဖြစ်သော်လည်း မြန်မာ ၁၊ ၂၊ ၃ ဖောင့်ထ် တို့ကိုအသုံးပြုသူနည်းပါးခဲ့ကြပါတယ်မြန်မာ ၁ (၂၀၀၆) မထွက်မှီ ဇော်ဂျီ ၁ (၂၀၀၅) ထွက်ရှိခဲ့ပြီးတွင်ကျယ်ခဲ့မှုကလည်းအဓိကအကြောင်းတစ်ရပ်ဖြစ်ဖွယ်ရှိပါသည်။ မိမိ၏ ခဏတာ တစ်ကိုယ်ရေသုံးစွဲမှုတွင်အဆင်ပြေ လွယ်ကူခြင်းသက်သက်ကို မကြည့်ပဲအခြားသောဘာသာစကားတစ်ခု၏ လုပ်ဆောင်နိုင်ရမည်စွမ်းရည်များဖြစ်သည့် ပုဒ်အစုများ စကားစုများ ခွဲခြားသတ်မှတ်နိုင်ခြင်း(Syllable), Software များအားပြည်တွင်းမှုပြုခြင်း (Localization)အလိုလျောက်ဘာသာပြန်ဆိုနိုင်ခြင်း တရားဝင် Softwareထုတ်လုပ်သော ကုမ္ပဏီကြီးများက လက်ခံအသုံးပြုနိုင်ခြင်း (Internationalization) စသောအချက်များကိုအခြေပြုသည့်ရေရှည်မျှော်တွေးခြင်းနည်းလမ်းများဖြင့်စဉ်းစားလျင်မူ ယနေ့အချိန်တွင် ကျွန်ုပ်တို့နှင့် အသင့်တော်ဆုံးနှင့်မသုံးမဖြစ်အသုံးသင့်သည့် မြန်မာယူနီကုဒ် ဖောင့်ထ်မှာ Mynamar3 သာဖြစ်ကြောင်းရှင်းရှင်းမြင်သိနိုင်ပါသည်။ ကျန်သော မြစေတီ၊ မိုင်မြန်မာ၊ ပုရပိုဒ် နှင့် ပိတောက် အစရှိသည်တို့ကားစီးပွားရေးလုပ်ငန်းများအတွက်သာ အဓိကရည်ရွယ်သောကြောင့် သာမန်သုံးစွဲသူအများစုအနေဖြင့် ဝယ်ယူသုံးစွဲရန်ခက်ခဲဆဲအခြေအနေပင်ဖြစ်ပါတော့သည်။ Myanmar3 ကိုစမ်းသုံးကြည့်စေချင်ပါတယ်ဇော်ဂျီရပြီးသားသူတွေကခဏပါပဲ အဆင်ပြေသွားပါလိမ့်မယ်။ 
 
Credit : Moe Sabai and
 
JJK@STC
Shwebo Technological College

No comments:

Post a Comment