Search This Blog

Monday, July 6, 2015

မသင်္ကာယာဉ်ပေါ်မှ လက်နက်/ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မန္တလေး ဇွန် ၂၇
စဥ့်ကူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းအဖွဲ့သည် ဇွန် ၂၆ ရက် ည ၉ နာခွဲတွင် စဥ့်ကူး-ရွှေဘို ကားလမ်း မိုင်တိုင်အမှတ်(၁/ဝ-၁)ကြား သီလရွာထိပ်၌ သတင်းအရ ရှာဖွေမှုပြုလုပ်စဉ် စဥ့်ကူးဘက်မှ ရွှေဘိုဘက်သို့ ယာဉ်မောင်း အောင်ကျော်မိုး မောင်းနှင်လာသော YGN 7I/---- Toyota Land
Cruiser အဖြူရောင်ယာဉ်ကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ဖုံးနှင့် ကြမ်းခင်းအောက် မှ ပြောင်းရှည်သေနတ်ငါးလက်နှင့် ကျည်မျိုးစုံ ၂၅၂ တောင့်၊ ဓား နှစ် ချောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝ၊ လက်ကိုင်စကားပြောစက်နှစ်လုံး၊ အထိုင်စက်တစ်လုံး၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက် စစ်ဆေးဖော်ထုတ် ချက်အရ မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်ရှိ ၄င်းတို့နေအိမ်မှ လက်နက်အစိတ်အပိုင်းနှင့် ဆက်စပ် ပစ္စည်း ၁၉ မျိုး၊ ခဲယမ်း ဆက်စပ်ပစ္စည်း ၁၈ မျိုးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိသည့်အပြင် စိုးသူ အောင်(၃ဝ နှစ်)၊ မြင့်ကိုအောင် (၃၁ နှစ်) ကံသာယာရပ်ကွက် ချမ်းမြ သာစည်မြို့နယ်နေသူတို့ထံမှ သံကိုယ် ထည် လေသေနတ်တစ်လက် သိမ်း ဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အောင် ကျော်မိုး(ခ)ကျော်ကျော်ပါ လေးဦး ကို စဥ့်ကူးမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

တင်မောင်(မန်းကိုယ်ပွား)

မြဝတီ

Ref & Credit : https://www.facebook.com/mwdmedia?fref=nf

No comments:

Post a Comment