Search This Blog

Tuesday, July 7, 2015

Fixing Slow Page Loading Times & Increasing Website Speed.

Yan Naing Oo wrote a new note:

ကျနော် ဒါ လေး ရေး တာ တက်လို့ လည်းမဟုတ် ပါဘူး ဒါပေမဲ့ ကျနော် သိသလောက်လေး မျှ ဝေ ပေး တဲ့ သဘောပါ အမှား ပါ ရင် နားလည်ပေး
ကြပါ လို့ လည်း မေတ္တာရပ်ခံ ထားပါရစေကျနော် လျှောက်ဖတ် ခဲ့သော ဆိုက် တွေ ထဲက နေ ပြန် လည် မျှ ဝေတာပါ  အမှန်တော့ကျနော်မြန်မာ ပြည်ရောက်ရင်ပြန်ဖတ်မလို့ပါ :D ဘာ လို့ လည်း ဆို တော့ မြန်မာ ပြည် ရောက် သွား တဲ့ www.google.com အချိန် တိုင်း မ၀င် နိုင်တော့ဘူးလေ :p
မိမိ၏  Website page loading time ကိုလျှော့ချခြင်းအားဖြင့် သင့်အား Bandwidth နဲ့ ပိုက်ဆံကိုချွေတာပေးနိုင်ပါတယ် သည့်အပြင် အင်တာနက်ကွန်နက်ရှင်နှေး
သောဖွံ့ဖြိုးဆဲနိုင်ငံဖစ်သော မြန်မာနိုင် အတွက် ဝင်ရောက်သူများအားအထောက်အကူဖြစ်စေပါသည် website မြန်ဆန်အောင် ပြုလုပ်နည်းများအား တွေ ကို အသေးစိတ်
http://developer.yahoo.com/performance/rules.html နဲ့ https://code.google.com/speed/page-speed  တွင် သွားရောက်လေ့လာနိုင်
ပါသည်ရိုးရှင်းသော စတိုင်ကိုအသုံးပြုပါပုံများအား နည်းနိုင်သမျှနည်းအောင်သုံးပါ။ websitelayout အား CSS သုံး၍ ပြင်ဆင်ပါ CSS နှင့်ပတ်သတ်သောသိသင့်သ
မျှအား http://www.w3schools.com/css/css_intro.asp တွင်သွားရောက်လေ့လာနိုင်ပါသည် ပုံများကို ချုံ့ပါOptiPNG
(http://optipng.sourceforge.net/) ကဲ့သို့သော tools များသုံး၍ ပုံများအတတ်မြန်အောင် web နှင့်သင့်တော်သောပုံအရွယ်အစားများအရချုံ့ပါမလိုအပ်ဘဲ
ပုံများအား HTML သုံး၍ ချုံ့ခြင်းများရှောင်ပါ (for example = 60x60 အရွယ်အစားလိုပါက HTML သုံး၍ချုံ့မည့်အစား တိုက်ရိုက်သာချုံ့လိုက်ပါ။)
Java, Javascript , Flash များကဲ့သို့ အသုံးပြုသူရဲ့ ကွန်ပျူတာမှာ run ရသောစနစ်များ ကိုလျှော့ချပါ အချို့အင်တာနက်ဆိုင်များတွင် ထိုစနစ်များကို 
လုံခြုံရေးအရ ပိတ်ထားတတ်ကြောင်း သတိရှိပါ Websiteအား  HTML စနစ်တစ်မျိုးတည်းဖြင့်လည်းအလုပ်လုပ်နိုင်အောင် ပြင်ဆင်ထားပါ။CSS , Javascript
များအတွက် သီးခြား ဖိုင်များဖြင့်အသုံးပြုပါ။ Websiteတွင် CSS Styles များ၊ Javascript များပါပါက သီးခြားဖိုင်များဖြင့် saveလုပ်ထားပြီး website ၏ အစ
header တွင်ထည့်သွင်းထားပါ ၄င်းအားဖြင့် ဝင်ရောက်ကြည့်ရှုသူများ၏ browser များအတွင်းတွင် ဖမ်း (cache) ပေးထားပြီး website အား တစ်ခါ
ဝင်ကြည့်တိုင်းတစ်ခါ အစအဆုံး ဒေါင်းလုပ်ချစရာ မလိုအပ်ပါ ကုဒ်ဒင်းများအား ရှင်းနိုင်သမျှရှင်းအောင်ရေးပါ။ မလိုအပ်သော break line တွေ space
တွေကို ဖယ်ပစ်ပါ။ http://javascriptcompressor.com တွင် ကုဒ်ဒင်းများကို အလိုအလျှောက်ရှင်းပေးနိုင်သော tools များကိုရှာနိုင်ပါ
သည်Server request များအား နည်းနိုင်သမျှနည်းအောင်လျှော့ချပါ သင့်မှာ dynamic website ရှိပေမယ့် site အတွင်းရှိ အချက်အလက်များ
ခဏခဏပြောင်းလဲခြင်းမရှိပါက cache extensions များထည့်ထားခြင်းအားဖြင့် ဝင်ရောက်သူများအား static version အဖြစ် ပြပေးနိုင်ပါသည်
ဤနည်းဖြင့် သင့် ဒေတာဘေစ့် request များအား သိသိသာသာ လျှော့ချနိုင်ပါသည် သွား ရောက် လေ့ လာ နိုင် သော ဆိုက် များ ကို လည်း ပူးတွဲ တင် ပြ လိုက်ပါ 
တယ် http://wpsites.net/wordpress-tips/wordpress-speed-how-to-fix-slow-page-loading-times-increase-site-speed/  ဒီလောက်
ဆို အကြမ်းမျဉ်း နား လည် သွား မယ် လို့ ယူ ဆပါ တယ် အဆင် ပြေပါ စေ
Credit ဆရာရန်​​နောင်​ဦး ထံမှ ကူယူပါသည်​။

No comments:

Post a Comment